Part (1)

419 36 2
                                    

တိတ်ဆိတ်ငြိမ်သက်ပြီး လေထုငြိမ်သတ်လှတဲ့ညလေးတစ်ည။ခြံဝန်းကျယ်ကြီးထဲတွင် သစ်ရွက်လှုပ်သံကအစအပ်ကျသံပင်မကြားရ။လူစိမ်းဝင်လာရင် အသိပေးလေ့ရှိတဲ့ German Shepherd မျိုးစိတ်ဖြစ်တဲ့ ခွေးလေးတွေရဲ့ အသံတောင်မကြားရတော့ပေ။
လူခြေတိတ်ဆိတ်ပြီး အုံ့မှိုင်းနေတဲ့ တောလေးထဲက
စံအိမ်ကြီးရဲ့ ဧည့်ခန်းထဲလည်း သွေးတွေ အိုင်လျက်။

Ruby Mafia Gangster ကြီးရဲ့ အရှင်သခင်ဖြစ်တဲ့ Lee မျိုးရိုးရဲ့ ခေါင်းဆောင် Lee Moojin နဲ့အတူဗိုက်မှာ ဓါးထိုးလျက်နဲ့လဲကျနေတဲ့ဇနီးဖြစ်သူ Han Yura ။

ထိုသူတို့ကို အပေါ်စီးကနေ ငုံ့ကြည့်နေတဲ့မျက်နှာဖုံး အနီရောင်နဲ့ လူကြီး တစ်ယောက်လည်းရပ်နေသည်။

Lee Moojin ခမျာ မသတ်ဖို့ တောင်းဆိုနေတဲ့အကြည့်နဲ့ ကြည့်နေပေမယ့် မျက်နှာဖုံးအနီရောင်ဝတ်ထားတဲ့သူကတော့ ညှာတာခြင်းကင်းမဲ့စွာနဲ့ နဖူးကို သေနတ်နဲ့ချိန်ကာ ပစ်လိုက်တော့သည်။

ဒိုင်း*

သစ်ပင်မှာ အိပ်စက်နေတဲ့ ငှက်ကလေးများလည်းပျံတက်သွားသည်။မိဘနှစ်ပါးစလုံး ကိုယ့်အရှေ့မှာရက်ရက်စက်စက် အသတ်ခံနေရတာကို ဘာမှမလုပ်နိုင်ဘဲ ထမင်းစား စားပွဲခုံလေးအောက်ကနေ ကြည့်လျက် အသံမထွက်မိအောင် ပုန်းနေရသည်။

မိခင်ဖြစ်သူ Yura ရဲ့ "မေမေတို့ တူတူပုန်းတမ်းစကားနေတာမို့ သားလေး လုံးဝ မထွက်လာရဘူးနော်" ဆိုသည့် ပြောစကားက မေမေ့ရဲ့ နောက်ဆုံးစကားဆိုတာသိခဲ့ရင်ကော Jihoon မေမေ့ကို အကြာကြီးဖက်ထားမိခဲ့မှာလား။

သွေးအိုင်ကြားထဲ လဲလျောင်းနေသည့် မိဘနှစ်ပါးကို ကြည့်ကာ ဝမ်းနည်းစိတ် ၊ မျက်နှာဖုံးနှင့် ထိုလူအား မုန်းတီးသည့်စိတ် တို့နှင့်အတူ မျက်ရည်များ စီးကျ လာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း မူးမေ့သွားတော့သည်။

အသက် ၄နှစ်အရွယ်ခန့်သာ ရှိသေးသည့် Jihoon အတွက်တော့ ဤမြင်ကွင်းက အလွန်ပင် ခံပြင်းစရာကောင်းသည်။ မည်သူမည်ဝါမှန်းမသိတဲ့ လူတစ်စုရဲ့ ကျူးကျော်ဝင်ရောက် လုပ်ကြံမှုကြောင့် အသက်ဆုံးပါးသွားသည့် မိဘနှစ်ပါး ကို တမ်းတရင်း သတိရလာသည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now