Part (4)

241 38 13
                                        

တကယ်တော့ သူ ဆိုးလ်ကို ပြန်လာတဲ့ရည်ရွယ်ချက်ကသူ့မိဘတွေကို သတ်ခဲ့တဲ့ သူကိုပြန်ရှာဖို့ပါ။ ဘယ်လိုအကြောင်းမျိုးကြောင့် မိခင်ဖြစ်သူကိုပါ သတ်ခဲ့လဲဆိုတာကို စုံစမ်းရမည်။ သူ့စိတ်ထဲမှာ ဘဝင်မကျတာကြောင့်

"Kwon Soonyoung"

ကားနောက်ကြည့်မှန်ကနေ တစ်ချက်ကြီး ခေါ်လိုက်သည်။

"ဟုတ်ကဲ့ Boss ပြောပါ"

"Capo တွေ ပြောသလို ငါက တကယ်ဘဲ အားနည်းတယ်လို့ ထင်ရလား"

Meeting နေရာက ထွက်လာပြီး ကားပေါ်တွင် သူတို့ နှစ်ယောက်သာ ရှိတဲ့အချိန် နောက်ခန်းကနေ လှမ်းပြောလိုက်ခြင်းဖြစ်သည်။ တခြားကားများကို စံအိမ်အရင်ပြန်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်က နောက်ဆုံးက လိုက်လာသည်။

တကယ်ဆို Jihoon ဒီနေရာကို စိတ်မဝင်စားပါ။ သို့သော် မိဘနှစ်ပါးကို လုပ်ကြံခဲ့တဲ့ သူကို သူကလဲ့စား ချေရဦးမည်။ သူတို့ပြောသလို Jihoon ကိုယ်ခံပညာလည်း မတတ်ပါ။ အဖေ့သွေးတွေ စီးဆင်းနေပေမယ့်
အမေ့ရဲ့သွေးတစ်ဝက်ကလည်း ပါတယ်မဟုတ်လား။ တကယ့်ကို နူးနူးညံ့ညံ့နဲ့ ကောင်လေးတစ်ယောက်က
ဒီလို အတိုက်ခိုက်တွေနဲ့ မလိုက်ဖက်တာတော့ အမှန်ပင်။ Jihoon အမှန်တကယ် စိတ်ဝင်စားတာက ဂီတပိုင်း။ ဒါပေမယ့် ဒီအချိန်မှာ သူဝါသနာပါတာထက်
မိဘနှစ်ပါးရဲ့ အသက်ကြွေးက ဦးစားပေးဖြစ်နေသည်။

ခနက ထွက်လာကတည်းက "အဆင်ပြေရဲ့လား" လို့ မေးချင်ပေမယ့် မျက်နှာအခြေနေကို ကြည့်နေရတာကြောင့် မမေးဘဲ ထားလိုက်သည့် Soonyoung တစ်ယောက် ဘာပြန်ဖြေရမလဲမသိတော့ပေ။

"အခု ဘယ်ကို လိုက်ပို့ပေးရမလဲ Boss"

သူ့အမေးကို ကျော်ပြီး ပြန်မေးနေတဲ့ Soonyoung ကြောင့် စိတ်ရှုပ်ကာ မျက်မှောင်ကြုံ့လိုက်ပြီး

"စံအိမ်ကလွဲပြီး ကြိုက်တဲ့နေရာမောင်း" ဟု ရွဲ့ဖြေလိုက်သည်။

ကိုးရီးယားရဲ့ အချိန်နဲ့ UK က အချိန် နှစ်ခုကြား အသားမကျသေးတဲ့ ကောင်လေးကတော့ နောက်ခန်းမှာ မှေးနေလိုက်သည်။

အချိန်တစ်ခုကြာတော့ ကားစက်သတ်သံကို ကြားလိုက်ရတာမို့ စံအိမ်ရောက်ပြီ အထင်နဲ့ ဆင်းဖို့ ပြင်လိုက်တော့မှ Jihoon တစ်ယောက် အံ့ဩနေရတော့သည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now