"Bodyguard ဆိုတော့ အန္တရာယ်များမှာပေါ့သားရဲ့"
ညနေက Mingyu လာပြောသွားသည့် အလုပ်ကိစ္စ အကြောင်းကို အဖေနှင့် တိုင်ပင်နေခြင်းဖြစ်သည်။
အဖေတစ်ခု သားတစ်ခု ဆိုတော့ ဘယ်အရာ မဆို Soonyoung တိုင်တိုင်ပင်ပင်ရှိသည်။"အန္တရာယ်များပေမယ့် လစာကောင်းတယ် အဖေ
ကျွန်တောတို့ အခု တင်နေတဲ့ အကြွေးတွေရဲ့ အတိုးတွေကော အကြွေးတွေပါ လ နည်းနည်း လောက်နဲ့ ဆပ်လို့ရသွားမှာ""အကြွေးတွေအတွက်ကအဖေလည်းအလုပ်ရှာနေပါတယ် နည်းနည်းစီခွဲဆပ်သွားကြတာပေါ့"
အသက်ကြီးတော့မှ အဖေဖြစ်သူကို အလုပ်မလုပ်စေချင်တော့တာတော့ အမှန်ပင်။
"အဖေက ဘာလို့အလုပ်ရှာရမှာလဲ .... Bodyguard ဆိုတာကလေ သူတို့အိမ်ရဲ့ သခင်လေးအတွက်တဲ့၊ ထူးထူးခြားခြား ဘာမှတော့ မရှိပါဘူး အဖေရဲ့ ၊ပြီးတော့ သူတို့က သူတို့ဆီမှာဘဲနေသူတို့ဆီမှာဘဲ စားရမှာ ၁လ ၂ခါတော့ အိမ်ပြန်ခွင့်ပေးတယ်တဲ့"
ညနေက Mingyu သူ့ကို လာပြောသွားသမျှ အဖေ့ကို ပြန်ပြောပြလိုက်သည်။ အဖေဖြစ်သူ စိတ်ပူမှာဆိုးတာကြောင့် Gangster တစ်ခုရဲ့ အမွေဆက်သူ အတွက် Bodyguard ဆိုတာကိုတော့ မပြောလိုက်ပေ။
-------------------------
မနက်ရောက်သည်အထိ အတော်တန် ပြောပြီးခါမှ အဖေ့ဆီက ခွင့်ပြုချက်လည်း ရလာပြီမို့ အလုပ်လျှောက်ရန် စံအိမ်ဆီသို့ မောင်းလာခဲ့လိုက်သည်။ မနေ့ကတော့ Mingyu က သူပါလိုက်ခဲ့မယ်လို့ ပြောခဲ့ပေမယ့် အရေးကြီးကိစ္စ ရှိလို့ ဆိုပြီး သူ့ဆိုင်ကယ်နဲ့ စံအိမ်တည်နေရာကိုသာ လမ်းညွှန်လိုက်တော့သည်။
Motorbike စီးကာ အဝေးပြေးလမ်းကို မောင်းနှင်လာရသည့် ခံစားချက်က တကယ်ကို ကောင်းသည်။အရင်ကတော့ Soonyoung ဆီမှာလည်း ဒီလို ဆိုင်ကယ်မျိုး တစ်စီးရှိခဲ့ဖူးသည်။ အထက်တန်းဘွဲ့ယူတုန်းက အမေနဲ့ အဖေ ပေါင်းပြီး လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပြီး အမေနေမကောင်းတုန်းက ရောင်းလိုက်ရခြင်းဖြစ်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon
Fanficချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍