Part (18)

228 29 38
                                        

တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့Christmasညလေး။ထိုပွဲတော်ဟာ မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရမည် ဖြစ်သောကြောင့် Jihoon က အိမ်ရှိ အလုပ်သမားများအား အိမ်ပြန်ခွင့်ပေးလိုက်သည်။

အိမ်ကိုယ်စီရှိကြသော သူများဟာ အသီးသီးပြန်သွားကြပေမယ့် Soonyoung ကတော့ ပြန်ရနိုးနိုး၊ မပြန်ရနိုးနိုး စဉ်းစားနေသည်။အိမ်တွင် အိမ်ထိန်းကြီးနှင့် Security များသာကျန်ခဲ့ပြီး ကျန်အလုပ်သမားများ မရှိတော့ပေ။

ညနေစောင်းတော့ Soonyoung ကအရှေ့ဆောင်ဘက်ကနေ ခြံထဲသို့ လမ်းလျှောက်ထွက်လာစဉ် အိမ်ထဲမှ ထွက်လာသော Jihoon နှင့် သွားဆုံသည်။

Jihoon လည်း ဘယ်သူမှ မရှိတော့ဘူးအထင်နှင့်
ပေါင်လယ်လောက်သာ ရှိတဲ့ ခရမ်းရောင် ဘောင်းဘီလေးကိုဝတ်ကာ shirt အဖြူရောင်နှင့်သာ ထွက်လာတာမို့ Soonyoungကို မြင်မြင်ချင်းလန့်သွားသော်လည်း ထိန်းလိုက်ကာ

"မင်းက အိမ်မပြန်ဘူးလား"

"ကျွန်တော် မနက်ဖြန်မှ ပြန်မှာပါ၊လာခေါ်မယ့် သူငယ်ချင်းက မအားလို့ဗျ"

Jihoon က သူ့စကားကို ဘန်ဂလိုထဲ လျှောက်သွားရင်း နားထောင်နေလိုက်သည်။ Jihoon က ဘန်ဂလိုဘဲ တွင် ထိုင်နေသော်လည်း Soonyoung က မတ်တပ်ရပ်နေဆဲပင်။ Jihoon က သူ့ဘာသာသူ Laptop တစ်လုံးနှင့် ဘာတွေနှိပ်နေမှန်း မသိတာကြောင့် ဘန်ဂလိုထဲကနေ ပြန်ထွက်လာလိုက်သည်။

ထိုစဉ် Jihoon က

"မင်း မနက်ဖြန်မှ ပြန်မှာဆို ငါ့ကိုတစ်နေရာ လိုက်ပို့ပေး"

Soonyoung ခြေလှမ်းများ ပြန်လှည့်လာပြီးခေါင်းငြိမ့်ပြကာ အရှေ့ဆောင်ဘက်ကိုခုန်ပေါက်ကာ ပြေးသွားတော့သည်။ ဒီတစ်ခါလည်း Boss နဲ့ ဒိတ်ရတော့မယ်။
အဲလေ...အပြင်အတူ သွားရတော့မယ်ပြောတာ။

------------------------

Jihoon က Motorbike နဲ့ သွားမယ်လို့ ပြောတာကြောင့် ကားကို Villa တွင် ဝင်ထားရသည်။ ဂိုထောင်ထဲမှ Motorbike ကို အထာကျကျနှင့် မောင်းထွက်လာသည့် Soonyoung ကြောင့် Jihoon တို့ အကြည့်မလွှဲနိုင်တော့ပေ။

ထို့နောက် Soonyoung ပေးလာတဲ့ ဆိုင်ကယ်ဦးထုတ်လေးကို ဆောင်းပြီး ဆိုင်ကယ်ပေါ်တက်ကာ သွားရမည့် နေရာကို ထွက်လာခဲ့လိုက်ကြတော့သည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now