အေးစက်စက်အခန်းတွင်း မှန်ခုံဝိုင်းလေးပေါ်မှာ တင်ထားတဲ့ အရက်ပုလင်းနှင့် ရေခဲချိုင့်။ Lee Myungwon ဆိုတဲ့ သူကတော့ ထိုခုံရှေ့ရှိ ဆိုဖာတွင် ထိုင်ကာ အရက်ခွက်အား ကိုင်လျက်ရှိနေသည်။ အကြည့်တွေက စားပွဲခုံထောင့်တွင် တင်ထားသော ဓာတ်ပုံမှန်ဘောင်လေးဆီရောက်နေပြီး ထိုဓာတ်ပုံမှာ မိသားစုဓာတ်ပုံဖြစ်သည်။Ruby Gangster မိသားစုရဲ့ ဓာတ်ပုံပေါ့။ အရက်ခွက်လေးကိုင်ကာ တစ်ငုံမော့လိုက်ပြီးတဲ့နောက် အတွေးတွေက သူ့ကို လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်ကို ပြန်ဆွဲခေါ်သွားခဲ့တယ်။
"Myungwon"
"ဗျာ အစ်ကို"
"ရှေ့လာမယ့်အပတ်ထဲ ငါမရှိဘူး ၊ မင်းမရီးကို ဂရုစိုက်ထားပါ ၊ Due Date က လကုန်ခါနီးလို့ ပြောပေမယ့် ကြည့်ထားလိုက်ပါဦး ၊ တစ်ခုခုဆို ငါ့ကို အကြောင်းကြား"
"ဟုတ် အစ်ကို"
အလုပ်ခန်းထဲမှာ ညီဖြစ်သူကို ခေါ်တွေ့ပြီး မှာစရာရှိတာ မှာလိုက်သည်။ ညီဆိုပေမယ် အရင်းတော့မဟုတ်ပေ။ Lee Moojin ရဲ့ အဖေဖြစ်သူ Mr.Lee ရဲ့အငယ်အနှောင်း၏ သားဖြစ်သည်။ Moojin အမေက လက်မခံသော်လည်း Moojin ကို အမွေအားလုံး လွှဲပြောင်းပေးမှ ကြည့်ရှုပေးမည်ဟု ပြောလိုက်ပြီး တောင်းဆိုတဲ့အတိုင်း လုပ်ပေးတာမို့ ဖအေတူ မအေကွဲ ညီဖြစ်သူကို လက်ခံကာ အိမ်ပေါ်ခေါ်တင်ခဲ့ရခြင်းပင်။ Moojin နိုင်ငံခြားရောက်နေတဲ့အချိန် သူက ဒီမှာ အဖေ့လုပ်ငန်းတစ်ချို့ကို ကူလုပ်ပေးခဲ့ရပြီး အခုတော့ အစ်ကိုဖြစ်သူရဲ့ Ruby Gangster မှာပါ ဝင်ကူနေရခြင်းဖြစ်သည်။
သူကသာ လုပ်ကူနေသော်လည်း ဒီလုပ်ငန်းတွေရဲ့ ဆက်ခံသူဟာ သူမဟုတ်ဘဲ သူ့အစ်ကိုဖြစ်နေတာကိုတော့ မကျေနပ်ပေ။ သို့သော်လည်း စာရွက်စာတမ်းတွေအရကော Mafia အဖွဲ့ရဲ့ ထောက်ခံချက်အရပါ သူ့အစ်ကို ဖြစ်နေတာကြောင့် ဘာမှမတတ်နိုင်ပေ။
------------------------
"Monster ဘက်က လက်နက်တွေ ခိုးတင်ထားတယ်လို့ သိရတယ် Boss"
"ဘာ !!!!!"
Moojin ရဲ့ လူယုံတော်က သတင်းလာပို့လေသည်။
ဒီနယ်မြေမှာ လက်နက်သယ်ဖို့ သူတို့တစ်ဂိုဏ်းတည်းကသာ စတင်ခဲ့တာမဟုတ်လား။ အရှင်းဆုံးပြောရရင် Lee Moojin ဖောက်ခဲ့တဲ့ လမ်းဖြစ်သည်။ ကျန်တဲ့ ဂိုဏ်းတွေက လောင်းကစားနဲ့ မူးယစ်ဆေးဝါးဘက်သာ အာရုံရောက်နေကြတဲ့အချိန် သူက In-Su ကို ကာဗာလုပ်ပြီး နောက်ကွယ်ကနေ လက်နက်သွင်းဖို့ ကိစ္စကို စီစဉ်ခဲ့သူ ဖြစ်သည်။ အခု Monster ဘက်နဲ့ ပူးပေါင်းမယ့်ကိစ္စကလည်း လက်နက်ကိစ္စပင်။ Ruby တစ်ဂိုဏ်းတည်းကသာ လက်နက်သယ်ဆောင်ခွင့် pass ဖြစ်တာကြောင့် Monster ဘက်က ကမ်းလှမ်းကာ ဝယ်ယူခြင်းဖြစ်သည်။ သို့သော် အခု သူတို့က သူတို့သဘောနှင့် သူတို့ လက်နက်သယ်နေကြပြီး ထပ်ပြီး Ruby ဆီကနေပါ လက်နက်ဝယ်မယ်ဆိုတော့ ဒါ သပ်သပ် Ruby ကို ပုန်ကန်ဖို့ လုပ်နေကြတာ။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍