Part (12)

213 45 10
                                        

Soonyoung နဲ့အတူ ခေါက်ဆွဲဆိုင်မှာထွက်လာတဲ့အချိန် ဖုန်းဝင်လာသည်။ Dokyeom ဆက်တာဖြစ်ပြီး သူစုံစမ်းခိုင်းထားတဲ့ သူအကြောင်း သိရပြီဖြစ်လို့ အသိပေးခြင်းဖြစ်သည်။ဒီနေ့တော့ Training ဖျက်ပြီး သွားရဦးမှာဘဲလို့ တွေးနေစဉ် အစာမကြေဖြစ်နေတဲ့ Soonyoung မျက်နှာက သူ့ကိုပိုပြီး အဆင်မပြေဖြစ်စေသည်။

၁၀ယောက် ၁ယောက်တောင် အသာလေးချနိုင်တဲ့ Kwon Soonyoung တို့ အပ်တစ်ချောင်းကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပုံက တကယ်ရီချင်စရာကောင်းနေသည်။

အဒေါ်ကြီးက လက်မကိုယူပြီး အဝတ်ဘဲစည်းရသေးတယ် သူက တုန်တုန်ရီရီနှင့် ပေါင်ပေါ်တင်ထားတဲ့ လက်ကို လာကိုင်တော့သည်။

Skinship ဆို အသားချင်းတောင် မထိချင်တဲ့သူဆိုတော့ မျက်နှာတစ်ချက် မဲ့သွားပေမယ့်လို့ Soonyoung ရဲ့ လက်ကိုတော့ ပြန်မခါချခဲ့ပါဘူး။

"ကြောက်စရာမလိုပါဘူး မကြည့်ရဲရင် ဟိုဘက်လှည့်နေ" ဆိုတဲ့ အဒေါ်ကြီးရဲ့စကားအဆုံးမှာတော့ ကိုယ့် ဘက်ကို လှည့်လာတဲ့ Soonyoung ရဲ့ မျက်နှာလေး။
ဘာရယ် မဟုတ်ပေမယ့် သူတကယ်ကြောက်နေတာဘဲ
လို့ ဂရုဏာသက်မိပါတယ်။မျက်လုံးပါ ကျွတ်ကျမတတ် သူ့ကို ကြည့်ပြီးနောက်မှာတော့ ညာဘက်လက်ရဲ့ သွေးဖောက်ထုတ်ခြင်းက အောင်မြင်စွာ ပြီးဆုံးသွားပါတော့တယ်။

------------------------

Villa ကနေ ကားယူပြီး Dokyeom ပို့ထားတဲ့ လိပ်စာဆီသို့ Soonyoung ကို မောင်းခိုင်းလိုက်သည်။ သွားနေတုန်းလမ်းမှာ Coat အတွင်းရှိ ဓာတ်ပုံလေးကို ထုတ်ကြည့်မိကာ ဒီနေ့တော့ ထူးထူးဆန်းဆန်း မိခင်ဖြစ်သူကို လွမ်းနေမိသည်။

Jihoon စုံစမ်းထားခိုင်းသည့်သူဆိုတာသူ့အဖေနဲ့ အမေ ရှိစဉ်တုန်းကအိမ်တော်ထိန်းဖြစ်သည်။ အသက်အရမ်းငယ်သေးတာကြောင့်ရယ်နာမည်ကော လူကော သေချာမမှတ်မိတာကြောင့်Dokyeomကို အကူညီတောင်းပြီး ရှာခိုင်းထားတာ အခုမှ တွေ့ခြင်းဖြစ်သည်။ သူ့ကို မမှတ်မိရင်တောင် မိခင်ဖြစ်သူကိုတော့မှတ်မိမှာဘဲ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ Jihoon
သွားနေခြင်းဖြစ်သည်။

အိမ်ရှေ့ရောက်သော် Soonyoung ကို မသိစေချင်တာကြောင့် ကားနားမှာဘဲ စောင့်ခိုင်းလိုက်ပြီး သူတစ်ယောက်တည်း ဝင်သွားလိုက်သည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now