Unicode
Jay နဲ့ Jungwon က ငယ်ငယ်ကတည်းက သိခဲ့တာ
သူငယ်ချင်းလို့ ပြောလို့ရပေမယ့် အရမ်းကြီး ရင်းနှီးတဲ့ ဆက်ဆံရေးတော့ မဟုတ်ဘူး
ငယ်ငယ်ကတည်းက ကျောင်းတူ အတန်းတူ ကျောင်းကားတူ ရပ်ကွက်တူ နောက်ဆုံး အခန်းသန့်ရှင်းရေး လုပ်ဖို့ ခွဲထားတဲ့ အသင်းအထိပါလိုက်ပြီး ရှိရှိသမျှ အကုန်တူနေတာ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား?
အဲ့လိုတူတာတွေကြောင့်လဲ နေ့တိုင်း အချိန်တိုင်းနီးပါး တွေ့ရင်းကနေ စသိခဲ့တာပေါ့
Jungwon ကတော့ ပုံမှန်ကျောင်းသားလေးပဲ
သူငယ်ချင်းလဲ အများကြီး မရှိဘူး
ခပ်အေးအေးပဲ နေတတ်တဲ့ ရေခဲတုန်းလေးပေါ့Jay ကတော့ အတန်းခေါင်းဆောင် ဖြစ်တဲ့ အပြင် စာတော်ပြီး ဆက်ဆံရေးလဲ ကောင်းတယ်
သူတို့နှစ်ယောက်လုံးက တစ်တန်းထဲဆိုပေမယ့် Jay ကတော့ လပိုင်းလေး ပိုကြီးတယ်
သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးမှာဆို သေချာပေါက် Jay ဘက်က စလိုက်ခဲ့တယ်လို့ ထင်မိရင်တော့ မှားပါမယ် 🙅🏻♀️
ရေခဲတုန်းလေး စတဲ့ဇာတ်လမ်းပါ
ဒီ ကျောင်းသားဘဝ အချစ်ဦး ဇာတ်လမ်းလေးဟာ ပြောစရာမရှိအောင်ကို ပျော်ရွှင် ကြည်နူးဖို့ ကောင်းခဲ့ပါတယ်
ဒါပေမယ့် အဆုံးအထိရာ ဖြောင့်ဖြူး လှပ ချိုမြိန်နိုင်ပါ့မလား?
YOU ARE READING
First & Forever
FanfictionFirst love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် First love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် Jaywon (Unicode + Zawgyi)