Unicode
ဒီနေ့ ဂျောင်းဝန်းတို့ ကျောင်းကို ကျောင်းသားသစ် တစ်ယောက် ပြောင်းလာတယ်
အရပ်ရှည်ရှည် အသားဖြူဖြူ မျက်မှန်လေးနဲ့ သူက ပြောစရာမလိုအောင်ကိုကြည့်ကောင်းတယ်
ဒါပေမယ့် ချေမယ့်ပုံကြီး
မိတ်ဆက်တုန်းကလဲ နာမည်လေးပဲပြောပြီး ဒီတိုင်း ဝင်ထိုင်တာ
ပုံမှန်ဆို ဂျောင်းဝန်း သိပ်စိတ်စားမိမှာ မဟုတ်ပေမယ့် သူဝင်ထိုင်တာ Jay hyung ဘေးကိုလေ!
Jay hyung က အတန်းခေါင်းဆောင်၊ ဖော်ရွေတယ် ဆိုပေမယ့် တစ်ယောက်တည်းပဲ ထိုင်နေကျ
အားလုံးနဲ့သိပေမယ့် အနီးကပ်ပေါင်းတဲ့ သူငယ်ချင်းရယ်လို့တော့ သိပ်မရှိဘူး
ကျောင်းမှာဆို ဆရာလုပ်ခိုင်းတဲ့ ကျောင်းသားစာရင်းတွေ၊ သူ့စာတွေနဲ့ သူ အမြဲလိုလိုရှုပ်နေတာနဲ့ တော်ရုံဆို အားတယ်လို့ကို မရှိ။
အဲ့တာကြောင့်လဲ တစ်ခါတစ်ခါ ဂျောင်းဝန်း ခိုးကြည့်နေတာလေးတွေကို သတိမထားမိတာနေမှာ
Jay hyung ဘေးမှာ ဝင်ထိုင်တဲ့ တစ်ယောက်က ဆောင်းဟွန်း တဲ့
ဆောင်းဟွန်း ရောက်လာကတည်းက ဂျောင်းဝန်း သတိထားမိတယ်
ဆောနူ မူမှန်တော့ဘူး
အဲ့ဘက်ကိုပဲ ခဏခဏ လှမ်းကြည့်နေတာ။
ပထမတော့ Jay hyung ကို ကြည့်တယ် ထင်လို့ သိပ်မကြိုက်ပေမယ့် နောက်တော့ ဆောနူ ပြောတာ
"အသစ်ရောက်လာတဲ့ တစ်ယောက်က ချောလိုက်တာနော်..." တဲ့
ဂျောင်းဝန်း သိလိုက်ပါတယ်
ဆောနူ တစ်ခုခုတော့ တစ်ခုခုဖြစ်နေပြီ
-------
YOU ARE READING
First & Forever
FanfictionFirst love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် First love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် Jaywon (Unicode + Zawgyi)