Chapter 1

64 5 0
                                    

Unicode

Seoul မြို့ရဲ့ သာယာတဲ့နေ့လေးတစ်နေ့မှာပေါ့...

"ဂျောင်းဝန်းရေ ကျောင်းကားရောက်တော့မယ် မြန်မြန်လုပ်နော်"

"Nae Omma"

"ပြောရင်းနဲ့ ရောက်တောင်လာပြီ"

ဂျောင်းဝန်း Omma ကို နှုတ်ဆက်လိုက်ပြီး ကျောင်းကားပေါ်တက်ရင်း ပုံမှန် ထောင့်ကခုံလေးမှာပဲ ဝင်ထိုင်ပြီး ဆက်အိပ်ဖို့ ပြင်လိုက်ပါတယ်

အမြဲလဲ အအိပ်မက်တဲ့သူမို့ ကျောင်းရှိတဲ့နေ့ဆို စောစောထရတာလဲ မလွယ်လှဘူး 

ပိုဆိုးတာက ဂျောင်းဝန်းအိမ်နဲ့ကျောင်းက ဝေးတော့ ကျောင်းကားက သူတို့ဆီကို အရင်ဆုံးလာတာ

ကျောင်းက မနက် ၈ နာရီမှ စတာဆိုပေမယ့် ကျောင်းကားက ၆ နာရီခွဲလောက်ဆိုရောက်ပြီ

အအိပ်မက်တဲ့ ဂျောင်းဝန်းလေးအတွက်ကတော့ ကျောင်းကားပေါ်မှာ အိပ်တာ အခုဆို Daily Routine တောင်ဖြစ်ပြီလေ

ဂျောင်းဝန်း သူ့ထိုင်ခုံလေးမှာ မှေးနေရင်း ကျောင်းကားရပ်သွားပြီး လူတစ်ယောက် တက်လာတာ ကြားလိုက်တယ်

*Jay hyung ပဲ နေမှာ*

မျက်လုံးဖွင့်ကြည့်ချင်ပေမယ့် အိပ်ချင်တာက ပိုကြီးစိုးနေတော့လဲ ခဏလေးတွေးပြီး ပြန်အိပ်ပျော်သွားတယ်

 Jay hyung ဆိုတာ ငယ်ငယ်ကတည်းက တွေ့နေ မြင်နေရပေမယ့် စကားတော့ သိပ်မပြောဖြစ်ဘူး

ဂျောင်းဝန်းက စကားနည်းတော့ ပြောဖြစ်ရင်လဲ Jay ဖက်က အရင်စပြောတာချည်းပဲ

သူတို့က တစ်တန်းထဲသားတွေ ဆိုပေမယ့် Jay က 10 လလောက်ပိုကြီးတယ်

ဂျောင်းဝန်းကလဲ အားနာတတ်တော့ ဘယ်လိုခေါ်ရမှန်း မသိရာကနေ Jay hyung ရယ်လို့ ဖြစ်သွားတော့တာပါပဲ 

Jay က အတန်းခေါင်ဆောင်လဲ ဖြစ်တဲ့ အပြင် စာလဲတော်တယ်။ ဆက်ဆံရေးလဲ ကောင်းတဲ့သူမို့ ကျောင်းမှာဆို အတန်အသင့်တော့ Popular ဖြစ်ပါတယ်။

ဂျောင်းဝန်းက Jay က သတိထားမိတာ Grade 2 လောက်ကတည်းကပေါ့

အမြဲ ပျော်ရွှင်ရယ်မောနေတတ်ပြီး Cheerful ဖြစ်နေတတ်တဲ့ Jay hyung ကို မြင်ကတည်းက သတိထားမိခဲ့တာ

First & ForeverWhere stories live. Discover now