Unicode
နောက်တစ်နေ့...
ကျောင်းကားပေါ်မှာ လိုက်စီးလာရင်း အိပ်ပုတ်လေး ဂျောင်းဝန်းတစ်ယောက် ဒီနေ့ကျမှ မအိပ်နိုင်ဖြစ်နေတယ်
ညက သူဖတ်ခဲ့တဲ့ဟာ အကြောင်းတွေရော Jay hyung အကြောင်းတွေရော သူ့ခေါင်းထဲ အပြည့်
*သဘောကျတယ်ဆိုလဲ ဘာလုပ်ရမလဲ ငါက First move လုပ်ရလောက်အောင်လဲ သတ္တိကမရှိဘူး*
ဂျောင်းဝန်းတွေးရင်း ခေါင်းစားနေတုန်း Jay hyung ကျောင်းကားပေါ်တက်လာပါပြီ
*ခါတိုင်းလိုပဲ ကြည့်ကောင်းနေရော*
ဂျောင်းဝန်းတွေးမိပေမယ့် အရင်ကလောက်တော့ သူ့ကိုယ်သူ မအံ့ဩမိတော့ပါဘူး
သူ Jay hyung က သဘောကျကြောင်း လက်ခံလိုက်ပြီလေ
အဲ့တော့ ထိုင်ငေးရုံ တွေးရုံလောက်တော့ လုပ်ရမှာပေါ့ မဟုတ်ဘူးလား
Jay hyung က တက်လာရင်း အိပ်မနေတဲ့ သူ့ကိုတွေ့တော့ အံ့ဩသွားပုံပဲ
ပြီးတော့ ပြုံးပြနှုတ်ဆက်လာတယ်
ဂျောင်းဝန်းလဲ ပြန်ပြုံးပြလိုက်တာပေါ့
သူသတိမထားမိတာက Jay hyung သူ့နေရာသူ သွားထိုင်ပြီးတဲ့ အထိတောင် သူက ဆက်ပြုံးနေတုန်းပဲ...
Jay hyung ကတော့ သူ့ဆီ အာရုံသိပ်မလာပုံပါပဲ
ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ရင်း မနက်ခင်းလေလေးကို ရူရှိုက်ပြီး သဘာဝကို ခံစားနေပုံပဲ
ဂျောင်းဝန်းအတွက်ကတော့ ဒီလို ငေးနေရတာကလဲ အဆင်ပြေပါတယ်လေ
..........
ကျောင်းရောက်ပါပြီ
ဆောနူနဲ့ တူတူ လမ်းလျှောက်ရင်း သူ့အတွေးထဲမှာတော့ Jay hyung ကပဲ စိုးမိုးထားဆဲ
ဆောနူကတော့ ပေါက်ပေါက်ဖောက်အောင် ပြောနေပေမယ့် သူကတော့ မကြားတာက ခပ်များများ
ပြောရင်း လျှောက်ရင်း စာသင်ခန်းထဲ ဝင်လိုက်တော့
Jay hyung နဲ့ စကားတွေပြောရင်း မိတ်ဖွဲ့နေပုံရတဲ့ ဆောင်းဟွန်း ဆိုသူကြီး
YOU ARE READING
First & Forever
FanfictionFirst love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် First love ဆိုတာ ပျော်ရွှင်စရာကောင်းပြီး ချိုမြိန်တယ် ဖြောင့်ဖြူးဖို့တော့ ခက်တယ် Jaywon (Unicode + Zawgyi)