Chapter 4

66 5 0
                                    

Unicode

ဒီလိုနဲ့ပဲ ဂျောင်းဝန်းတစ်ယောက် စာဂျပိုးလေးဖြစ်လာပါတော့တယ်

အရင်က စာအရမ်းမလုပ်ခဲ့တော့ ပိုကြိုးစားရတယ်ဆိုပေမယ့် အဆင်တော့ပြေပါတယ်

Jay hyung အတွက်ပဲလေ

သူ စာကြိုးစားနေတာတွေ ဆောနူတို့ကိုတော့ မပြောဖြစ်ဘူး

ရုတ်တရပ်ကြီး ဘယ်လိုဖြစ်သွားတာလဲ မေးရင် မဖြေတတ်ဘူးမို့

ပြီးတော့ ကိုယ်က ကြိုးစားနေကြောင်းတွေ လျှောက်ပြောထားပြီး စာမေးပွဲကြမှ အဆင်မပြေရင်လဲ သိက္ခာကျအုံးမယ်

အဲ့တော့ Hyper လုပ်တာပဲ ကောင်းပါတယ်

အခုဆို ဂျောင်းဝန်းစာတွေ ပုံမှန်လုပ်ဖြစ်ပြီး သင်ခန်းစာတွေလဲ အကုန်လိုက်နိုင်တာမို့ စာဂျပိုးလုပ်ရတာလဲ မဆိုးပါဘူးလို့တော့ တွေးမိသား

နဂိုကတည်းကလဲ ပင်ကိုယ်ဉာဏ်ကောင်းသူမို့ အရမ်းတော့ ပင်ပင်ပန်းပန်း မကြိုးစားရပါဘူး

အခုတလော အတန်းထဲမှာလဲ စာမေးရင် Jay hyung နဲ့တောင် တစ်ခါတစ်လေ လုဖြေနိုင်ပြီလေ

အဲ့လိုမျိုးဆို Jay hyung က Wow ဆိုတဲ့ အကြည့်မျိုးလေးနဲ့ လှမ်းကြည့်တတ်တာက သူ့အတွက်တော့ Motivation လေး

ဆောနူကတော့ မေးရှာပါတယ်

ဘယ်လိုလုပ် အဖြေတွေ အကုန်သိနေတာလဲတဲ့

အခုတလော စာကြည့်ဖြစ်လို့ပါ လို့ပဲ ဖြေထားတယ်

ဆောနူနဲ့ ဆောင်းဟွန်းတို့ နှစ်ယောက်ကတော့ ပြောလိုက် ဆိုလိုက် ပျော်လိုက်နဲ့ ကြည့်ရတာတော့ ဟုတ်နေရော

ဆောနူနဲ့ကြမှ ဆောင်းဟွန်းတစ်ယောက်လဲ ရေခဲတုံးကြီး ဘဝက ကျွတ်တော့မယ် ထင်ပါတယ်

သူတို့ လေးယောက် အလယ်တန်းရဲ့ နေ့ရက်လေးတွေကို ပျော်ပျော်ပါးပါး ဖြတ်သန်းရင်း အများကြီး ရင်းနှီးလာကြတယ်

ဆောနူက ဆောင်းဟွန်းနဲ့ပဲ တစ်တွဲတွဲ ဖြစ်နေတတ်တာမို့ ဂျောင်းဝန်းက Jay hyung နဲ့ အလိုလို တစ်တွဲဖြစ်သွားရော

ဒီလိုမျိုးဆိုရင်တော့ ဆောနူက တကယ် ချစ်စရာ သယ်ရင်းကြီး

သူ့ကောင်းမှုနဲ့ပဲ Jay hyung နဲ့ ခင်လာရတာလေ

You've reached the end of published parts.

⏰ Last updated: Jun 26 ⏰

Add this story to your Library to get notified about new parts!

First & ForeverWhere stories live. Discover now