00

246 15 0
                                    

နွေရွက်ကြွေအစုတို့ လေရူးသုန်သုန်မယ်
ဝှေ့ကာလွှင့်တယ်။အရပ်နှစ်မျက်နှာကိုမူတည်
လှလှကလေးကော့ညွှတ်လို့ ကနွဲ့ကလျလေး ဆောင်းကမြေခတယ်။ဝါသွဲ့ထိန်နွမ်းနေမှုကလေးဟာနွေရာသီမည် အီဟီ့အသက်သွေးကြောနှယ်။

မုတ်သုံလေတသုန်သုန်လွှင့်ချိန်မယ် ရွက်ဝါကြွေတို့က ပုန်းကာကွယ်ကာ နွဲ့လွှဲတယ်။မိုးလေတို့မြူးတဲ့အခါ ပုလဲပန်းခတ်နွယ်နွယ်တို့က ကကြခုန်ကြမြဲ။

ဟေမန္တနှင်းဖြူတို့ မှိန်လျော့စွာနွယ်ရစ်ထားတဲ့ အခါသမယ။မှောင်ရိပ်တို့တွဲခိုနေတဲ့ ထက်အာကာပြင်မယ် ငွေကြယ်ပွင့်များက နှင်းမှုန်မွှားများအား ခြွေချပြန်တော့ တစ်ဆောင်းသစ်ပြန်မှန်းသိလေခဲ့ပါရဲ့။

ရာသီစက်ဝန်းတို့ အဖန်ဖန်ရွေ့ပြောင်းသွားတိုင်း နုလွှတဲ့နှလုံးအိမ်မယ်ပွန်းပဲ့ရိပ်တို့ ချန်ခဲ့သွားတယ်။မိုက်မှောင်လှတဲ့ ဝေဟင်ထက်ကွန့်မြူးဖို့ကြိုးစားရင်း နှစ်နေတဲ့နွံထဲခပ်ပျော်ပျော်ထပ်တိုးဝင်မိခဲ့မြဲ။

ဆိတ်ငြိမ်ချမ်းစိမ့်မှုတို့၏ သင်္ကတနှယ်ငွေလမင်းကြီးကား မှုန်ရီပြပြ အကွာအဝေးကြားမှ ပါးလှပ်လှပ် သံယောဇဥ်ရောင်စဥ်နှယ်။

-

TBC
-Slow update

Cindy
29624

𝐒𝐄𝐀𝐒𝐎𝐍𝐒Where stories live. Discover now