02

176 17 4
                                    

TWO

-

ကျွီ

ဖြူလွှင့်လွှင့်၊ဝင့်တင့်တင့်ပိုးသားနှယ် လက်သွယ်သွယ်တို့ကား လေထုသွားခွင်းသည့်အခါထိစပ်သွားသည့် ကျွန်းသစ်,သတ္တာခပ်လတ်လတ်၏ အပေါ်ယံအဖုံးသိမ်သိမ်ကလေးကား တိုးတိတ်စွာအသံပေးခုန်ကူးလာတော့သည်။

နှာထိပ်ချွန်ကော့ကော့ထက်မှီနွဲ့လာသည့် ဖုန်စတို့နှင့်စာရွက်နံ့ခပ်ထုံထုံတို့ကား မေတ္တာပိုပါလျှင်လွမ်းဆွေးဖို့ရာလေပင့်ပေးသကဲ့သို့ဖြစ်လိမ့်မည်။

မြင်လွှာမယ်မင်းမူလာသည့် အထပ်ထပ်စီကာရီကာဖြင့် နေရာတကျရှိနေသည့် ခပ်လွင်လွင်စာရွက်ဖြူဖြူတို့။

အချို့သော စာရွက်ဖြူတွေမှာမူ ၄င်းတို့အားသိမ်မွေ့မွေ့ထုပ်ပိုးပေးထားသည့် ထိပ်စချွန်ထက်ထက် စာအိတ်ကလေးတို့ပင်နွမ်းလျလျဖြစ်နေချေပြီ။

ရော်ရွက်ဝါတို့၊ပုလဲရည်တို့၊ဖြူဥဥနှင်းတို့အား အဖန်တရာကျော်ဖြတ်ပြီးရလျှင်တောင် ၄င်းတန်ဖိုးမြင့်မြင့်စာစောင်တို့အား မထိဝံ့လှပြီ။

အညာတရ ကျွန်းသစ်,သေတ္တာအတွင် သူအဖန်ဖန်သိမ်းထားမိဦးမဲ့ ၄င်းတို့မှာနွမ်းဟောင်းဟောင်၊ပြယ်လွှင့်လွှင့် နှလုံးခတ်ကြိုးထံသို့ ခြေစုံရပ်လာပါလျှင် တန်ပြန်ကမ်းပေးဖို့ရာ တွေးတောမိခဲ့သည့်ဖြစ်ခြင်းတွေပါပေ။

သေတ္တာအတွင်းသို့ ဝှေ့ယမ်းသွားသည့်လက်မယ် ထွေးယှက်ထားသည့်သစ်လွင်သောစာစောင်တစ်မည်အား အထပ်ထပ်သောစာစောင်တို့ထက် နေရာချလိုက်သည်။

ခွမ်း

ရုတ်တရက် နားဖျားသို့ခပ်ကျယ်ကျယ်ကပ်ငြိလာသည့် အကျည်းတန်အသံလှိုင်းတစ်ခုနောက် မျက်လုံးထောင့်မှ တစ်စ၊တစ်စမြင်လာရသည့် လူရိပ်တစ်ခု။

ဆောင်းဟွန်း ဖွင့်လျက်သားကျွန်းသေတ္တာအဖုံးကလေးထံ ခပ်လျင်လျင်လက်လှမ်း၍သွားလိုက်ကာ ခပ်မြန်မြန်ပင်ပိတ်ဆို့လိုက်၍ ရှေ့ရှိ သစ်သားစာကြည့်စားပွဲအောက်သို့ ခွန်အားသုံးကာ ကျွန်းသေတ္တာကလေးအားတွန်းပို့နေရာချလိုက်သည်။

𝐒𝐄𝐀𝐒𝐎𝐍𝐒Where stories live. Discover now