04

157 16 3
                                    

FOUR

-

"မယ်လိုဒီကင်မ်"

အခန်းကျယ်တစ်ခု၏ ရှေ့မျက်နှာဆာထက်နေရာယူကာ စာရွက်တစ်ရွက်အားကိုင်ဆောင်၍ ထောင့်မှန်ကျကျမျက်မှန်နှင့် ပရော်ဖက်ဆာတစ်ဦး၏ နာမည်ခေါ်သံတို့ကားလေထုအတွင်း စက္ကန်မခြား။

မှင်စွန်းရာတို့ပရပွဖွင့် အဓိပ္ပာယ်ကောက်မရသည့် ခြစ်ဆွဲမှုတို့အား အထပ်ထပ်အခါခါရေးခြစ်နေသည့် ဖောင်တိန်အနက်ကိုင်ထားသည့် လက်ချောင်းသွယ်တို့ကား အားစိုက်မထားသော်ငြား လက်ဖမိုးတို့မှာမူ အကြောစိမ်းတို့ထင်းထွက်နေသည်။

အပျင်းပြေရုံသာ လှုပ်ရှားနေသော်လည်း ခြစ်ရာတို့စွန်းထင်းသွားသည့် စာရွက်ဖြူတစ်ရွက်ကား တန်ဖိုးနိမ့်ထဲကတော့ မဟုတ်တန်ရာ။

ဖောင်တိန်တစ်ခုနှင့်အလုပ်ရှုပ်နေသည့် နောက်ဆုံးခုံမှတက္ကသိုလ်ကျောင်းသားတစ်ဦးကား နောက်ဆုံးနှစ်ပင်ရောက်နေပြီဖြစ်သော်ငြား ဦးနှောက်ထဲသင်ကြားခဲ့သမျှ အရာများဟူသည် မရှိသလောက်ပါပေ။

ထိုတက္ကကျောင်းသားရေးခြစ်နေသည့် အရာတို့အား စေ့စပ်ကြည့်လျှင် စာရွက်၏အနားသတ်ထောင့်တစ်နေရာ၊ အလယ်ညာဘက်ကျကျမှာ သို့တည်းမဟုတ် နေရာတိုင်းနီးပါးမယ် တစ်ခုတည်းသော စာလုံးတို့အားတွေ့နိုင်သည်။

"Sung?"

အတန်း၏ရှေ့တစ်နေရာမှ ရုတ်ချည်းအနားသို့ မတ်တပ်အနေအထားရောက်လာခဲ့သည့် ပရော်ဖက်ဆာမှာ စာရွက်ပေါ်ရှိ အချို့စာလုံးတို့အား မျက်မှောင်ကြုတ်၍ပင် မရမကကြည့်ကာ အသံထွက်ဖတ်လာ၏။

လေတိုးသံ တစ်စိုးတစ်စိမှမရှိသည့် တိတ်တိတ်ဆိတ်ဆိတ်လေထုအတွင်း ပရော်ဖက်ဆာ၏ရေရွတ်သံကား ခပ်ကျယ်ကျယ်ပင်။

"အီသန်လီ.. ဘာတွေဒီလောက်ရေးနေတာလဲ၊ ဆရာမင်းနာမည်ခေါ်တာမကြားရလောက်အောင်။"

ပရော်ဖက်ဆာမှာ မျက်မှန်ဘောင်အားကျော်ကာ အီသန့်အားကြည့်၍ အတွန့်အတက်လုံးဝမရှိသည့် လေသံခပ်သာသာဖြင့်သာ ထိုသို့ဆိုသည်။

ထိုအခါ အီသန်ကား သူ့ထံသို့တိတ်တဆိတ်စိုက်ရောက်နေကြသည့် အခန်းအတွင်းမှမျက်လုံးတို့အား ခေတ္တမျှဝှေ့ဝိုက်ကြည့်လိုက်၍ သူ့ထံမှဦးဆုံးဖယ်ရှင်း၏။

𝐒𝐄𝐀𝐒𝐎𝐍𝐒Where stories live. Discover now