5.5

146 14 4
                                    

FIVE½

-

"အစ်ကိုဆောင်းဟွန်းဖတ်နေကျ စာအုပ်ထဲက အတွဲသစ်ထွက်တဲ့စာအုပ်ပါ။အဲ့တာ အစ်ကိုဆောင်းဟွန်းအတွက် အော်ဒရီဝယ်ပေးမလို့ပေမဲ့..

"ကျစ်..အရေးမပါတာ"

သူ(မ)ထံဝှေ့ဝဲလာခဲ့သည့် ခပ်ရဲရဲအကြည့်စူးစူးတို့နောက် အော်ဒရီကား ရုတ်ချည်းတင်းမာသွားသည့် လေထုအားထိန်းရတော့မည်ကို ထိုခါမှအသိဝင်သွားရသဖြင့် စကားဆိုမိသော်ငြား။

သူ(မ)စကားသံတို့ခရီးမပေါက်ခင်၌ပင် ကျစ်ကနဲစုတ်သတ်သံနောက် ခပ်ကြိတ်ကြိတ်ရေရွတ်သံမာတာတာတို့ကား လေလှိုင်းအတွင်းဖြတ်ပြေးသွားသည်ပေမို့ ခေတ္တတန့်သွားသည့် အော်ဒရီ့စကားစတို့နှင့်တကွ တိတ်ဆိတ်သွားတော့သည့် လေထုအေးအေးကား ငြိမ်တိန်တိန်။

"ဟီဆွန်း"

ခပ်တိုးတိုး လှမ်းဟန့်သည့်ဆောင်းဟွန်းထံမှ လေတိုးသံနောက် အညိုရောင်အကြည့်တို့ကား အော်ဒရီထံမှ သွေဖယ်သွား၍။

"ကိုယ်ဝယ်ပေးမယ်"

ခပ်ပါးပါးနှုတ်ဖျားတို့မှ ခုန်ထွက်လာသည့် အနည်းအကျဥ်းအဆိုပြုသံတို့ကား စကားသံဝှေ့မလာတော့သည့် လေငြိမ်ငြိမ်မယ်ဝှေ့ကနဲ။

ထို့နောက် စက္ကန့်ငယ်ကလေးပင် အခြားမခံနိုင်သည့်နှယ် ရှေ့မှောက်သို့ခပ်လျင်လျင်ခြေလှမ်း၍ စာအုပ်ဆိုင်ကလေးအတွင်းသို့ မဆိုင်းမတွတဇွတ်ထိုးဝင်သွားသည့်သူအား အမှန်ပင်ဟန့်တားရန် မမှီခဲ့။

ဆောင်းဟွန်း သက်ပြင်းတစ်ချက်ခပ်လေးလေးချမိသည်။ဟီဆွန်း၏ဇွတ်တရွတ်ဆန်မှုတို့အား တကယ်မနိုင်ပြီ။

"မလွယ်ဘူး.. မလွယ်ဘူး၊သူများအိမ်က အငယ်ဆုံးသားသဝန်တိုတာကြီးကလည်း ကြောက်စရာပါလားနော်။"

ပြေပြစ်ကျယ်ပြန့်သည့် ကျောပြင်တိမ်မြှုပ်သွားရာ စာအုပ်ဆိုက်ကလေးထံသို့ မျက်လုံးကလေးတို့ဝှေ့ဝဲစွေကြည့်ကာဖြင့် ခပ်တိုးတိုးဆိုလာသည့် အော်ဒရီ့စကားသံတို့နောက် အချင်းချင်းယှက်နွယ်ထားသည့်သူ(မ)လက်နှစ်ဖက်အား အထက်သို့ ပင့်ကြွ၏။

𝐒𝐄𝐀𝐒𝐎𝐍𝐒Where stories live. Discover now