အတိတ်ကို ပြန်တွေးကြည့်ရရင် ပျော်စရာတွေများခဲ့တာပဲမလား။ ဒါတောင်အကိုဟာ ဘာမဟုတ်တဲ့အတားအဆီး အပ်ချည်ကြိုးလေးတစ်ချောင်း အတွက်နဲ့ အရာအားလုံးကို ပြစ်ချခဲ့တာပေါ့။ ကျွန်တော့ကိုတကယ်ရော ချစ်ခဲ့ရဲ့လားအကိုရယ်။
ပျော်စရာတွေ ပြန်တွေးကြည့်ရရင်တော့ ကျွန်တော်တို့နှစ်ယောက်ဟာ ရူးမိုက်ခဲ့ပါရောလား။ မချစ်တတ်သေးတဲ့ကျွန်တော့်ကို ချစ်တတ်ရန် သင်ပေးခဲ့တာတော့ ကျေးဇူးတင်ပါရဲ့။
ကျွန်တော်တို့၏ အတိတ်တနေရာမှာ ချစ်ခြင်းတွေ ပြည့်နှပ်ခဲ့ပေသို့ ယခုအချိန်ဟာ အတိတ်နှင့်တခြားစီပါရောလား။ လူ့ဘဝမှာ ကြိုတင်တွေးတောထားသည်နှင့် လက်ရှိဟာတော့ကွာဟစမြဲ။
-အတိတ်တနေရာ-
စာမေးပွဲ အမှတ်စရင်းမှ ထိပ်တန်းနေရာမှ ရှင်မ်းဂျယ်ယွန်းမှာ ကိုယ့်ကိုယ်ပင်မအံဩတော့။ ကျွန်တော်ဟာ ကျောင်းကို ကျောင်းသားတစ်ယောက် အနေနဲ့ပဲတက်ချင်ပေသို့ အကျဥ်းသားတော့မဖြစ်ချင်ခဲ့။ စာကိုသာပင်အသည်းသန် ကြိုးစားနေရသည်မှာ ဂျယ်ယွန်း၏ ဆန္ဒမပါခဲ့။
လူတို့ဟာ စိတ်ဖိစီးလာရင်တော့ ထွက်ပေါက်ရှာမိကြတာပဲမလား။ အချို့သောလူတွေမှာ ဆေးလိပ်ကိုမှီခိုနိုင်ပေသို့ ဂျယ်ယွန်းမှာပင်မလိမ်နိုင်။ ဂျယ်ယွန်းလဲ ပုံမှန်ကျောင်သားတယောက်အလား ဖြစ်ချင်သည်ပေါ့။ နေ့၊ည အလီလီ ဖြတ်ကူးလာရသည့် လမ်းဘေးမှ ဂိမ်းဆိုင်တစ်ခုတွင်တော့ မျက်စိ ကျမိသား။
ဆိုင်အပြင်အဆင်မှာ ကိုးဆယ်ခုနှစ်မှဒီဇိုင်းဆိုပေသည့် ဆိုင်မှာတော့ ခေတ်ရှေ့ပြေး၍။ အချိန်တွေ အလီလီကုန်လာသည်အမျှ ဂျယ်ယွန်း၏ ရပ်ဝန်းငယ်မှာ ဂိမ်းဆိုင်တစ်ခုတည်းသာ။
သည်နေ့တော့ အချိန်၊ နာရီ၊ နေ့ရက်တွေဟာ ကွာခြားနေပုံ။ ဆိုင်အတွင်း၌လူအများအား နေရာဦးရန် စောင့်နေပုံရတဲ့ လူတစ်ယောက်မှာ ဂျယ်ယွန်းဘေးသို့။
ဦးထုပ်အနက်အား ဆောင်းထားသည့်ထိုလူမှာ ဦးထုပ်ကြောင့် နှုတ်ခမ်းမှာ အသဲပုံထောက်၍ အပန်းသန်းနေ၏။ သို့သော် ကိုယ်ခန္ဓာအချိုးအစားမှာ အရပ်ရှည်ကာ ရင်အုပ်တောင့်တောင့်ဖြင့်။
YOU ARE READING
𝐓𝐡𝐞 𝐖𝐚𝐲 𝐈 𝐋𝐨𝐯𝐞𝐝 𝐘𝐨𝐮 // 𝐇𝐞𝐞𝐉𝐚𝐤𝐞𝐇𝐨𝐨𝐧
Любовные романы𝑳𝒐𝒗𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒘𝒊𝒕𝒉 𝒂 𝒔𝒎𝒊𝒍𝒆 𝑮𝒓𝒐𝒘𝒔 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 𝑬𝒏𝒅𝒔 𝒘𝒊𝒕𝒉 𝒕𝒆𝒂𝒓𝒔