ကျောင်းဆင်းချိန် လွန်သော်လဲ ပေါ်မလာသေးတယ် ကိုယ်ငယ်လေးအား ဆောင်ဟွန်းမျှော်မိပါရဲ့။ အချိန်တွေဟာ လွန်သော်ငြား စောင့်ရသူဟာ မငြီးညူခဲ့။ အိမ်ဦးခန်း၏ မျက်နှာသာ ပေးခံထားရသည့် တိုင်ကပ်နာရီ နီညိုတစ်ခု၏ မိနစ်လက်တံဟာ ရာချီ၍ ပြန်ကပ်ဆိုက်လာမှသာလျှင်။ တံခါး ဖွင့်သံအား မျက်စပစ်မိသည့်အခါ ပျော်ရွှင်လာပုံ ရသည့် အကိုဂျယ်ယွန်း။
"အကို ဂျယ်ယွန်း~"
"အာ ဆောင်ဟွန်းအကို့ ကိုစောင့်နေတာလား"
ဟုတ်တာပေါ့။ မောင်ကအကို့ကို စောင့်နေတာပေါ့။ ချစ်လွန်းလို့ စကြဝဠာတွေ ပျက်သုန်းသွားတဲ့ထိစော့င် နေသေးတာ။ တစ်ခါတစ်ရံ တော့လဲ စိတ်နာမိတာဖြစ်ပေမဲ့လဲ...။
"မဟုတ်ဘူး အဖေလွှတ်လိုက်တာ"
သည်အလိမ်အညာ တွေသာအကိုဟာ ရင်ထဲစွဲထားဦးမှာ ဖြစ်လဲကျွန်တော်ဟာ ဒီတိုင်းလေးသာ အကို့ကို ဆက်၍ချစ်နေမှာဖြစ်သည်။
အပျော်တွေ ဖျက်လိုဖျက်ဆီး ခံလိုက်ရတဲ့ တရားခံတစ်ခုမှာ အိမ်အပေါ်ထပ်မှ ဒေါက်ဖိနပ်သံ။
-☘️-
မတက်သာလို့သာ ပြန်လာရတဲ့ သည်အိမ်တစ်ခု ဂျယ်ယွန်း၏ အကြိုက်တော့မဟုတ်ခဲ့။ အိမ်ဦးခန်းမှ ကြိုဆိုနေသည့် ဆောင်ဟွန်းမှာ ဂျယ်ယွန်းကိုမျှော်နေပုံ။ ဆောင်ဟွန်းရယ် အကို့ကို သည်လောက်ထိသဘောကျတာပဲလား။ ပြန်မချစ်နိုင်တာ မလို့လက်လျှော့လိုက်တာ အကောင်းဆုံးဖြစ်မည်ထင်၏။
လှေကားမှ ဒေါက်ဖိနပ်အသံဟာ ဂျယ်ယွန်းအတွက် ပျော်စရာဖြစ်မည် မဟုတ်။ အိမ်ပြန်ချိန်ထပ် အနည်းငယ်နောက်ကျ ၍ကြားရဦးမည့် စိတ်ပူစကား။
"ရှင်မ်းဂျယ်ယွန်း ဒီနေ့ပြန်လာတာ နောက်ကျတာပဲ"
"မေမေက စိတ်ပူလို့ပြောတာပါ။ သားက အိမ်ပြန် နောက်ကျရင် စာလုပ်ချိန်မှာ အခက်အခဲတွေဖြစ်ကုန်မှာပေါ့။"
သည်နေ့ဟာလဲ လာမည့် စာမေးပွဲကိုသာ အားထားရဦးမည်။ စာသင်ချိန်တွေထပ် ဂျယ်ယွန်းဟာ ဂိမ်းတွေကို မြက်နိုးတယ်၊ သူငယ်ချင်းတွေကို လိုလားတယ်။
YOU ARE READING
𝐓𝐡𝐞 𝐖𝐚𝐲 𝐈 𝐋𝐨𝐯𝐞𝐝 𝐘𝐨𝐮 // 𝐇𝐞𝐞𝐉𝐚𝐤𝐞𝐇𝐨𝐨𝐧
Romansa𝑳𝒐𝒗𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒘𝒊𝒕𝒉 𝒂 𝒔𝒎𝒊𝒍𝒆 𝑮𝒓𝒐𝒘𝒔 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 𝑬𝒏𝒅𝒔 𝒘𝒊𝒕𝒉 𝒕𝒆𝒂𝒓𝒔