"ရှင်မ်းဂျယ်ယွန်းဒါကဘာလဲ"အဖေက ဘယ်ကရလာမှန်းမသိတဲ့ အကိုနဲ့ဂျယ်ယွန်းရဲ့ပုံတွေကို အဖေက စားပွဲခုံပေါ်ပြစ်ချလာတယ်။ အဖေက ဂျယ်ယွန်းကို စိတ်အတော်တိုနေပုံ။
"ငါက မင်းကိုစာသင်ဖို့ထားတာလေ"
"တွဲရင်တော် အဆင့်ရှိ,ရှိလူကိုတွဲပါလား""အကိုက ပိုက်ဆံမရှိပေမဲ့ အဖေမပေးနိုင်တဲ့ မေတ္တာတွေတော့ရှိပါတယ်"
"အော်ဂလီဆန် စရာတွေလာမပြောနဲ့"
ဂျယ်ယွန်းက အမြဲတမ်း သည်လက်ဝါးအောက်မှာပဲ တုတ်တုတ်မျှမလှုပ် ငြိမ်ခံနေခဲ့ရတာ။ သည်တခါတော့ သူကိုယ့်ကိုယ်ကို ယုံကြီးပေးကြည့်ပါ့မယ်၊ အရဲစွန်းကြည့်ပါ့မယ်။
အနည်းဆုံး ဒီတစ်ခေါက်တော့...ယုံကြည့်ပါ့မယ်။
-
"အကို အဖေကလေ..."
"ကျွန်တော်တို့ နှစ်ယောက်အကြောင်းကို သိသွားပြီ"အကိုက ဂျယ်ယွန်းကို နှစ်သိမ့်မယ့်အစား မှိုင်နေဖို့သာ တတ်နိုင်တယ်။ နည်းနည်းလောက်တော့ စွန့်စားကြည့်ရင်ရော မရဘူးလား။ ကျွန်တော်တောင် အဖေ့ကို လွန်ဆန်နိုင်ခဲ့သေးတာ။ ကျွန်တော့်ကို ဒီတစ်ခေါက်ပဲ ယုံပေးပါလား။
"ဂျယ်ယွန်း..."
ဂျယ်ယွန်းရဲ့ မျက်ရည်ပေါက်တွေက အရင်လို မသေးသိမ်တော့၊ အရင်လောက်မသန်မာတော့။ အကို့ရဲ့ အရှေ့မှသာ ရဲရဲဝင့်ဝင့် ကျနိုင်တဲ့ သည်မျက်ရည်တွေကို မျက်ကွယ်ပြု တော့မလို့လား။
-
ပျော်ရွှင်ချိန်တွေဟာ ကြာကြာမခံခဲ့။ အကိုတို့ရဲ့ အကြောင်းကို တစ်ယောက်ယောက်ကပဲ ဖြစ်ဖြစ်သိသွားရင်ဆိုတာကို အကိုကဘယ်လိုယုံပေးရမှာလဲ။ ကြိုတင်တွေးပြီးသားဆိုပေမဲ့ ဒီလောက်မြန်ရင် အကိုကဘာလောက်နိုင်မှာလဲ။
ချစ်ရသူရဲ့ မျက်ရည်ပေါက်တွေကို တွေ့သော်လဲ ကအကိုဟာ ပါးပေါ်မှ မျက်ရည်ပေါက်တွေကို သုပ်ပေးရလောက်အောင်အထိ မသန်မာနိုင်ခဲ့ဘူး။ ရင်ဝဲရာဘက်ဟာလဲ တဆစ်ဆစ်ဖြင့်။
"မငိုပါနဲ့ ကလေးရယ်"
"သည်လိုတွေ ဖြစ်မယ်ဆိုတာ ကိုယ်တို့ ကြိုတွေးပြီးသားမလား"
YOU ARE READING
𝐓𝐡𝐞 𝐖𝐚𝐲 𝐈 𝐋𝐨𝐯𝐞𝐝 𝐘𝐨𝐮 // 𝐇𝐞𝐞𝐉𝐚𝐤𝐞𝐇𝐨𝐨𝐧
Romans𝑳𝒐𝒗𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒘𝒊𝒕𝒉 𝒂 𝒔𝒎𝒊𝒍𝒆 𝑮𝒓𝒐𝒘𝒔 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 𝑬𝒏𝒅𝒔 𝒘𝒊𝒕𝒉 𝒕𝒆𝒂𝒓𝒔