ရင်ခုန်သံ

67 3 0
                                    


အကိုဂျယ်ယွန်းရယ် မောင်ဟာ အကို၏ချစ်ခြင်းသို့ ပိုင်ဆိုင်လို မှုမှာပင် မှားသလား။ ငယ်စဥ်အချိန်မှစ၍သာ မောင်ဟာ အကို့ထံမှ မေတ္တာလိုအပ်မိပါ၍ ကြိုးစားခဲ့ရတာ။

သည်အချစ်တွေအား အကိုဂျယ်ယွန်းမြင်နိုင်ပါစေ၏။

-☘️-

သည်နေ့တော့လဲ ဂျယ်ယွန်းကိုပင် စောင့်ရမည်မလား။ ဂျယ်ယွန်းအား စောင့်ရသည်မှာ ကိုယ်၌ အလေ့ဖြစ်လို့။ ချစ်မိတော့လဲ စောင့်ရသည်မှာမဟန်။

ဂိမ်းဆိုင်သို့ လှမ်းလာသည့် ကောင်ငယ်လေးအား မြင်ရတွေ့ရပါများသော် ဟီဆွန်း၏ရင်မှာ အချစ်များဟာပို၍တိုးလို့သာ။

"အကိုဒီနေ့ ဂျယ်ယွန်းကို လိုက်ပို့ပရစေ"

"ဗျာ....အိမ်ရှေ့ထိတော့ ရမယ်ထင်တယ်"

"အင်း ကိုအိမ်ရှေ့ထိလိုက်ပို့မယ်နော်"

အိမ်အပြန်လမ်းဟာ တော့တိတ်ဆိတ်လို့။ အပယ်သို့စကားမည်ရမှန်း မသိချိန်မှာပင် အိမ်ရှေ့တောင်ရောက်လို့။

"အကိုကျွန်တော့်အိမ်ရောက်ပြီ"

"အာ...မြန်လိုက်တာနော်"

စကားအဆုံးထိတိုင် အိမ်သို့မဝင်သေးပဲ ရပ်၍သာ ကြည့်နေသည့် ဂျယ်ယွန်း။ အကြည့်များဆုံကာ တိုးဝေ့လာတဲ့ အသက်ရှူသံတွေမှာပိုလို့ ကျယ်လောင်လာ။ ဆက်၍တိုးကပ်လျှင် ကိုယ်သင်းရနံ့ ပို၍ပြန်ကျဲလာ။ ထိကပ်သွားတဲ့ နှုတ်ခမ်းနှစ်ဆုံ ဟာနွေးထွေးလျှက်။

တစ်စက္ကန့်..
နှစ်စက္ကန့်..
သုံးစက္ကန့်..။

ခွဲခွာလိုက်ရတဲ့ နှုတ်ခမ်းနှစ်ဆုံမှာ စိတ်ဆန္ဒတော့မပါပေ။
ပြေးဝင်သွားတဲ့ ကိုယ်ငယ်လေးမှာ အမှာစကားလေးပါသွားသေးရဲ့။

"ကျွန်တော် အရင်ဝင်နှင့်ပြီ"

ချိုမြမြအရသာအား ပြန်လည်လွမ်းမောရပါဦးမည်။

-☘️-

ခံစားချက်တွေဟာ အရင်လိုမဟုတ်ကာ ပြောင်းလဲလာပုံမှာ ဂျယ်ယွန်းမအံဩ။ အလုပ်မလုပ်တာကြာပြီဖြစ်တဲ့ နှလုံးအိမ်မှာလဲ အငြိမ်မနေတော့။ မြွေဆရာမှ ပြုစားခြင်းခံလိုက်ရတဲ့ မွေတစ်ကောင်အလား ဂျယ်ယွန်းဟာ အရာရာကို မေ့မြောလို့။

𝐓𝐡𝐞 𝐖𝐚𝐲 𝐈 𝐋𝐨𝐯𝐞𝐝 𝐘𝐨𝐮 // 𝐇𝐞𝐞𝐉𝐚𝐤𝐞𝐇𝐨𝐨𝐧Where stories live. Discover now