အမြင်မတည့်ရင််တောင် မြင်နေရတဲ့ ကြေးမုံပြင်မှ ပုံရိပ်ယောင်၊ မွန်းကြပ်နေရင်တောင်ဆက်တည်ထားရမယ့် အနေအထား၊ မကြားချင်မှအဆုံး ကြားနေရဦးမယ့် တေးသံများ။
တစတစ ကျယ်လောင်လာတဲ့ စကားသံတွေနှင့် ပိုမိုထူထပ်လာတဲ့ လူအုပ်ထဲတွင် မျှော်နေရတဲ့ ပခုံးကျယ်တော့ ပါမလာခဲ့။ တံခါးကျပ်မှ ဂျယ်ယွန်း ကွယ်ကြည့်မိပါသည်။ နာရီလက်တံ အလီလီ ရွှေ့လျှား ပြီးချိန် စတင်တော့မည့် မင်္ဂလာရှိချိန်ဟာ ဂျယ်ယွန်းအတွက်တော့ မင်္ဂလာမရှိခဲ့။ လွန်ခဲ့သောအချိန်အခါမှာ ဂျယ်ယွန်းဆင်ခြေမိချင်ပါ၏။
လျှောက်ရပါဦးမည့် ပန်းခင်းလမ်းနှင့် ကြားရပါဦးမည့် ဩဘာသံ။ ဂျယ်ယွန်း၏ လိုအင်ဆန္ဒ မပါလျှင်တောင် လက်ခံလိုက်မည့်ပါက ပြန်ပြင်ရေးလို့မရတော့တဲ့ စာမေးပွဲ မေးခွန်းစာရွက်များအလား။
-☘️-
သည်အချိန်အခါဟာ ဆောင်ဟွန်းအတွက်ပျော်စေသား။ သိုပေသိ့ ချစ်ရသူ၏ နှလုံးအိမ်မှာ ပျော်မည်မဟုတ်။ နောက်ဆုတ်ပေးချင်သည်၊ သိုပေသိ့ လောဘတက်မိ၍ ခွင့်မပြုချင်။ ဆောင်ဟွန်းအံ့ဩမိတာဟာ ဂျယ်ယွန်းကိုပင်။ ငြင်းဆန် ရန်အချိန်မှီနေသည် အထိမငြင်းဆိုခဲ့။
ချစ်ရသူဟာ မင်္ဂလာပွဲတွင်တောင် အချစ်ဦး ကိုရှာဖွေနေဆဲ။ လူတို့ဟာ အပယ်လူမျှ နှလုံးအိမ်ပေးခဲ့ဖူးသည်ဆို၊ ပထမဆုံး နှလုံးအိမ်၏ ပိုင်ရှင်ကို မမေ့ဆဲ။
ပြဿနာတွေ အားလုံးရှင်းလင်းပြီးရင်တော့ အကိုဂျယ်ယွန်းကို ပျော်စေချင်မိသား။ မင်္ဂလာပွဲပြီးသည်အထိ စကားမစမည်ရသေး။ တိတ်ဆိတ်နေသည့် လေဟာနယ် ကိုဖြိုခွင်းရန် ဆောင်ဟွန်းနှင့် အခြားလူသာမရှိ။
"အကိုဂျယ်ယွန်း"
အတွေးများဖြင့် ချာလည်နေပုံရသည့် အကိုဂျယ်ယွန်းမှာ ဆောင်ဟွန်း၏ စကားစကိုတောင် သတိထားမိပုံမရ။
"အကို.."
အကိုဂျယ်ယွန်း၏ လက်ဖဝါးနုနုများကို တယုတယ ဆွဲကာရမ်းလိုက်မှ ပြန်ဖြေလာတဲ့ အကိုဂျယ်ယွန်း။
"ပြောစရာရှိလို့လား"
"အကိုစိတ်အခြေအနေ မကောင်းတာမောင်သိတာမလို့ အကိုသွားချင်တဲ့နေရာများရှိလား။"
YOU ARE READING
𝐓𝐡𝐞 𝐖𝐚𝐲 𝐈 𝐋𝐨𝐯𝐞𝐝 𝐘𝐨𝐮 // 𝐇𝐞𝐞𝐉𝐚𝐤𝐞𝐇𝐨𝐨𝐧
Romance𝑳𝒐𝒗𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒘𝒊𝒕𝒉 𝒂 𝒔𝒎𝒊𝒍𝒆 𝑮𝒓𝒐𝒘𝒔 𝒘𝒊𝒕𝒉 𝒂 𝒌𝒊𝒔𝒔 𝑬𝒏𝒅𝒔 𝒘𝒊𝒕𝒉 𝒕𝒆𝒂𝒓𝒔