လှပသောခြေထောက်အစုံတို့ကျရောက်လာပြီးနောက်မှာထွက်လာသောကောင်မလေးတစ်ယောက်.... ဆံနွယ်ရှည်အနက်တွေကခါးလောက်ရှိပြီးမြန်မာရင်ဖုံးနဲ့ထမီလေးတွဲဖက်၍ဝတ်ထားပုံကကျက်သရေရှိလွန်းနေပြီး ဘာမှမပြင်ဘဲနဲ့ငြိုးေနတာတောင်မှလှပဖူးရွနေသောမျက်နှာလေးမှာမြင်မြင်သမျှပုရိသတိုင်းငေးချင်စရာပင်
မင်းသူရိန်ရဲ့စိတ်ထဲတွင်လည်းထိုမိန်းကလေးကိုမြင်ရတာသူ့ရင်ထဲကိုလှုပ်ခတ်သွားခဲ့သည် အရင်ကမိန်းမတွေအများကြီးကိုတွေ့ခဲ့သော်လည်းအခုလိုတစ်ခါမျှမဖြစ်ဘူးပေ၊ထိုမိန်းကလေးကိုတွေ့လိုက်ရသည်မှာအလွန်အေးချမ်းပြီးကျက်သရေရှိလှသည်။
သို့သော်သူရိန်ရဲ့အတွေးထဲတွင် ထိုမိန်းကလေးသည်ပိုက်ဆံကြောင့်သူ့ကိုယ်ဝန်ကိုအငှားဆောင်ပေးမည်ဆိုသောအတွေးများဖြတ်ဝင်လာသဖြင့်ချက်ချင်းပင် မျက်နှာမှာပြန်တည်သွားလေသည်။
သူ့ဘေးမှတပည့်ေကျာ်မောင်မောင်တစ်ယောက်ကတော့ထိုမိန်းကလေးကိုပါးစပ်ပင်မစိနိုင်ပဲငေးနေလျက်ပင်...ထိုအချိန်
"ဟေ့ကောင် မောင်မောင်"
ငေါက်လိုက်သည့်အသံကြောင့်မောင်မောင့်မှာသတိပြန်ဝင်လာပြီးမှ
"ဟုတ် ဟုတ်ကဲ့ အကိုလေး"
မောင်မောင်တစ်ယောက်လန့်ပြီးစကားတွေပင်ထစ်နေမိသည်။သူ့ကိုစိုက်ပြီးကြည့်နေသည့် အကိုလေးကြောင့်ပင်ဖြစ်သည်။
"သွား ကားအဆင်သင့်ထုတ်ပြီးစောင့်နေ"
"ဟုတ် အကိုလေး"
မကြာခင်ကားပေါ်မှဆင်းလာသောသူမနှင့်
သူ့ရဲ့အမေဒေါ်မြင့်မိုရ်သူတို့အနားရောက်လာချိန်"သားသွားတော့မလို့လား"
"ဟုတ် မာမီ"
မကြည်ေသာအသံဖြင့်တမင်ပြောလိုက်ခြင်းပင်
"ဒါက မနှင်းဆီ မင်းကိုယ်ဝန်ကိုဆောင်ပေးမယ့်သူ"
သူမထိုစကားကြားတာနဲ့ကြက်သိမ်းတွေထပြီးမျက်နှာလေးမှာလဲရဲသွားသည်။
သူရိန်သူမရဲ့ပုံစံကိုကြည့်၍မျက်နှာလွှဲလိုက်သည်
ကိုယ်ဝန်ဆောင်ဖို့သဘောတူပြီးလိုက်လာပြီးမှအခုမှရှက်နေတာလား
YOU ARE READING
ချစ်ရပါသော နှင်းဆီ
Romanceယခုဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည် ပထမဆုံးရေးတဲ့ဇာတ်လမ်းမို့လို့ အမှားတစ်စုံတစ်ရာများပါရင်လည်း ခွင့်လွှတ်ပေးကြပါလို့တောင်းဆိုအပ်ပါသည်။18+scene များပါသောကြောင့် အသက်18ပြည့်ပြီးမှဖတ်ကြရန်လည်းတောင်းဆိုအပ်ပါသည်။