🚨 ချစ်ရပါသော နှင်းဆီpart.11🚨

7K 51 0
                                    

ညနေရုံးဆင်းခါနီးချိန်တွင် သူရိန်တစ်ယောက်အိမ်မှ သူမ မျက်နှာလှလှလေးကိုပြန်မြင်ယောင်မိနေကာ တစ်ချက်ပြုံးလိုက်ပြီး.....

"ငါတော့ဝဋ်လည်ပြီထင်ပါတယ်"

"ဗျာ"
ဘေးမှမောင်မောင်တစ်ယောက်သူ့အကိုလေး ရုတ်တရက်ထပြောလိုက်သည့်စကားကြောင့်မေးလိုက်ခြင်းဖြစ်သည်။

"ဘာမှမဟုတ်ဘူး ဒါနဲ့ရုံးဆင်းချိန်ရောက်ပြီလား?"

"ဟုတ် ရောက်ပါပြီ"

"ဒါဆိုငါသွားတော့မယ်"

"ဟုတ်ကဲ့ အကိုလေး"
ခါတိုင်းအမြဲလိုအချိန်ပိုအလုပ်လုပ်တဲ့သူကအခုတလောရုံးဆင်းချိန်ကို အမြဲတိကျနေပါလား ဟုမောင်မောင်တစ်ယောက်တွေးနေမိသည်။

..................

တီ!တီ!တီ

ကျွီ

"သားပြန်လာပြီလား?"
သူ့အမေကထူးထူးဆန်းဆန်းဒီနေ့မှအိမ်ရှေ့ထိထွက်ကြိုနေသည်။

"ဟုတ် မာမီ"

"သွားသွား ရေသွားချိုးချေ ဒီနေ့မာမီဧည့်သည်တစ်ယောက်ကိုdinnerဖိတ်ထားတယ်"

"ဘယ်သူလဲ မာမီ?"

"အော် အဲ့ဒါကတော့သားရောက်မှသိမယ်..
သွားပါတော်ကြာဧည့်သည်ကိုစောင့်ခိုင်းနေရလိမ့်မယ်...ရေအမြန်သွားချိုးချေ"

သူ့မာမီကအတော်တက်ကြွနေတာကြောင့်ဘယ်သူလဲဆိုတာကိုတော့သိချင်မိသည်။

သူအိမ်ထဲကိုဝေ့ကြည့်လိုက်ပြီး...သူတွေ့ချင်သောမျက်နှာလေးကိုလိုက်ရှာနေမိသည် သို့သော် သူမလေးကတမင်ရှောင်နေတယ်ထင်သည် အရိပ်ယောင်ပင်မမြင်ရပေ.....သူလည်းဧည့်သည်လာဦးမယ်ဆိုတာကြောင့် အပေါ်ထပ်သို့တက်သွားပြီးရေချိုးလိုက်သည်။
ရေချိုးပြီးတော့ ရေစိုနေတဲ့ဆံပင်တွေကိုတစ်ချက်ခါထုတ်လိုက်ပြီး အနောက်တိုင်းဝတ်စုံအနက်လေးကို ကျနစွာဝတ်ဆင်လိုက်သည်။ဆံပင်တွေကိုသပ်တင်လိုက်ပြီး သူ့ရဲ့ရွှေရောင်ကိုင်းနဲ့မျက်မှန်အကြည်လေးကိုတပ်ဆင်လိုက်တော့ တည်ကြည်ပြီးချောမောခန့်ညားမှုတို့ကအပြည့်ပင်..

ဒေါက်!ဒေါက်!ဒေါက်
.........

ကျွီ

"အကိုလေး ဧည့်သည်ရောက်ပါပြီ"
အေးအေးမှလာခေါ်ခြင်းပင်..

ချစ်ရပါသော နှင်းဆီWhere stories live. Discover now