သူမ သူနဲ့အတူအပြင်သွားဖို့အတွက် ခါတိုင်းနေ့တွေထက်ပို၍လှအောင်ပြင်လိုက်ပြီး နှုတ်ခမ်းနီကိုလည်းနီနီရဲရဲလေးဆိုးလိုက်သည်။ဒီနေ့ကသူမတို့ချစ်သူဖြစ်တဲ့ပထမဆုံးနေ့ပင်ဖြစ်သည်။
"ကိုကို စောင့်နေရတာကြာသွားပြီလား"
ဟုဆိုကာဆင်းလာသောနတ်မိမယ်လေးတစ်ပါး ခရမ်းရောင်ကြိုးတစ်ချောင်းဂါဝန်အဝဲလေးကိုပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး မျက်နှာလေးကိုလည်းခြယ်သထားသောကြောင့်အရင်နေ့တွေကထက်ပို၍လှနေလေသည်။
သူကလည်းမိုးပြာရောင်ရှပ်အကျီလေးကို စတိုင်ပင်အနက်လေးနဲ့တွဲဝတ်ထားပုံက လူကြီးလူကောင်းဆန်မှုကိုမပျောက်စေဘဲခန့်ပြီးချောနေလေသည်။
"သဲ ဒီအတိုင်းအပြင်သွားမလို့လား?"
"ဟုတ်တယ်လေ ကိုကိုရဲ့ဘာလို့လဲနှင်းဆီဝတ်ထားတာမလှလို့လား?"
"လှလွန်းလို့ပြောနေရတာသဲရဲ့... ကိုယ်တစ်ယောက်ထဲကပဲသဲရဲ့အလှတရားတွေကိုကြည့်ချင်တာလေ...သဲကအခုလိုဝတ်ပြီးအပြင်သွားရင်သူများတွေကြည့်လိမ့်မယ်...ကိုယ်ကသဲကိုဘယ်ေကာင်မှကြည့်တာမကြိုက်ဘူး...သဲကလိမ္မာပါတယ်အဝတ်လေးသွားလဲလိုက်နော်"
အကဲပိုလွန်းသောသူ့ကိုကြည့်ပြီး နှင်းဆီအမြင်ကပ်မိသည်။
"ကဲ ရပြီလား"
ဒီတစ်ခါတော့မိုးပြာရောင်လေးကိုလက်ဇကဂါဝန်အဝဲလေးဖြစ်သည်။ဒါလေးနဲ့ပို၍တောင်လှသွားသလိုပင်...
"ဒါကလည်းနည်းနည်းတိုနေတယ်...သဲနောက်တစ်စုံသွားလဲလိုက်ပါ့လားနော်"
"ဦးမင်းသူရိန်!"
"ဗျာ"
ရွတ်နောက်နောက်ေလးထူးလိုက်ပြီး သူမကိုကလေးတစ်ယောက်လို ကြည့်နေသောသူကြောင့် သူမဒေါသကိုထိန်း၍ နောက်တစ်စုံသွားလဲလိုက်သည်။"ရပြီလား ဒါမှမရရင်လည်းမသွားတော့ဘူး"
ဒီတစ်ခါတော့ချပ်ကပ်ေနေသာမြန်မာဝတ်စုံဝမ်းဆက် အညိုရောင်လေးဝတ်လာသောသူမမှာ အရှိုက်အဖိုတွေကပို၍တောင်ပေါ်ထွက်လာသလိုပင်..
သို့သော် သူမလေးစိတ်တိုနေပြီဆိုတာသိတာကြောင့်...ဒီဝတ်စုံလေးကိုပဲဝတ်ခွင့်ပေးလိုက်ရသည်။
YOU ARE READING
ချစ်ရပါသော နှင်းဆီ
Romanceယခုဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည် ပထမဆုံးရေးတဲ့ဇာတ်လမ်းမို့လို့ အမှားတစ်စုံတစ်ရာများပါရင်လည်း ခွင့်လွှတ်ပေးကြပါလို့တောင်းဆိုအပ်ပါသည်။18+scene များပါသောကြောင့် အသက်18ပြည့်ပြီးမှဖတ်ကြရန်လည်းတောင်းဆိုအပ်ပါသည်။