🚨ချစ်ရပါသော🌹part12🚨

7.4K 183 14
                                    

အောက်ထပ်ကဧည့်ခန်းမှာ ဒေါသထွက်စွာစောင့်နေသော... roseနဲ့ ‌ဒေါ်မြင့်မိုရ်သူ...

ခဏအကြာတွင်.....‌အောက်ထပ်ကိုသူမလေးကိုပွေ့ချီ၍ဆင်းလာသောသူ....

ဒါကိုသူ့မာတာမိခင်ရော roseပါအံကိုကြိတ်၍ကြည့်နေ၏။

သူကသူမကိုဆိုဖာပေါ်ချလိုက်ပြီး....

"ညည်းက ဘာအချိုးလဲ ငါ့သားကိုလဲမြူစွယ်သေး....အခုလည်း‌ကိုယ့်ဘာကိုယ်မလျှောက်ဘဲပွေ့ချီလာခိုင်းရအောင် ညည်းကိုညည်းဘာထင်နေလဲ?"

ဒေါ်မြင့်မိုရ်သူဒေါ်သထွက်ထွက်နှင့်ပြောလိုက်တော့...

"သူပွေ့ခိုင်းလို့မဟုတ်ဘူး...ကျွန်တော်ကိုယ်တိုင်ပွေ့ချင်လို့ကိုပွေ့လာတာ"

သူ့သားကထိုသို့ပြောလိုက်တော့...

"ဘာလဲ မင်းက မဘက်လိုက်ပြီးမိုက်ဘက်ပါတာလား မင်းသူရိန်?"

"မြေခွေးမ နင်သူရိန့်ကိုဘယ်လိုတွေမြူစွယ်ထားလဲပြောစမ်း"
ဆိုပြီးရုတ်တရက် နှင်းဆီရဲ့ကိုယ်ကို‌ကိုင်၍လှုပ်‌ခါပြစ်လိုက်သည်။
သူကချက်ချင်းroseရဲ့လက်ကိုဆွဲလိုက်ပြီးလွှင့်ပစ်သလိုမျိုးဆွဲဆောင့်ပစ်လိုက်ပြီး....

"မင်း မင်းမှာယောက်ျားအဲ့လောက်ရှားသလား ဟင်?"

သူပြောလိုက်တဲ့စကားကြောင့်သူမမျက်ရည်တွေဝဲတက်လာကာ...

"နင် ဒီနေ့ပြောလိုက်တဲ့စကားကိုနောင်တရစေရမယ် သူရိန်"

"ဟွန်းး.လုပ်ကြည့်လိုက်လေ ငါဘာလဲဆိုတာသိအောင်ပြရသေးတာပေါ့"

တောက်!
Rose တစ်ယောက် သူ့ကိုနာနာကျင်ကျင်ကြည့်ပြီးတောက်ခေါက်ကာလှည့်ထွက်သွားလေသည်။

"ဒီမှာ သူရိန် မင်းနဲ့ဒီမိန်းမကိုငါသေတောင်သဘောမတူဘူး...ဟိတ် မိန်းကလေးမင်းကိုနစ်နာကြေးဘယ်လောက်ပေးရင်ရမလဲ?"

"နှင်းဆီကိုအဲ့လိုမပြောပါနဲ့ နှင်းဆီက‌အဲ့လိုမိန်းကလေးမျိုးမဟုတ်ပါဘူး"
သူမ ပြောရင်းနဲ့မျက်ရည်များပါဝဲလာသည်။

"တော်လိုက်တော့မာမီ...သူ့ကိုအဲ့လိုပြောစရာမလိုဘူး ပြီးတော့အခုလိုဖြစ်သွားတယ်ဆိုတာကလည်း....ဘယ်သူ‌ေတွကြောင့်ဆိုတာကိုပြောပြရဦးမလား"

ချစ်ရပါသော နှင်းဆီWhere stories live. Discover now