တူ..တူ...တူ
"ဟယ်လို သမီးroseလား?"
.............."အန်တီသမီးနဲ့အခုတွေ့လို့ရမလား?"
..............."ဒါဆို*****မှာတွေ့မယ်လေ"
................"ဒါပဲနော် သမီး"
ဖုန်းကိုချလိုက်ပြီးနောက်တွင် ဒေါ်မြင့်မိုရ်သူ တစ်ယောက်အတွေးများစွာဖြင့်တွေးနေရင်း...."မာမီ ကျွန်တော်ရုံးသွားတော့မယ်"
သူရိန်တစ်ယောက် အပေါ်ထပ်မှဆင်းလာတော့ ဧည့်ခန်းထဲတွင်ထိုင်နေသော
သူ့အမေကိုတွေ့သဖြင့် နှုတ်ဆက်လိုက်သည်။"အေး"
သူလည်းရုံးသွားရတော့မှာမို့လို့ သူ့အမေဘာကိုစိတ်မကြည်နေတာကို မမေးဖြစ်တော့ပေ..
........….....
ကော်ဖီဆိုင်တစ်ခုတွင် စကပ်တိုအနက်ရောင်နဲ့သရေဂျာကင်လိုမျိုးကိုတွဲဝတ်ထားပြီးထိုင်ေနေသာ စမတ်ကျကျလှပနေသောမိန်းကလေးတစ်ယောက်..
ထို့နောက် ထိုနားကို brandedေတွဝတ်ထားေသာမိန်းမကြီးတစ်ယောက် ရောက်လာပြီးထိုင်လိုက်သည်။"အန်တီroseကိုဘာပြောစရာရှိလို့လဲ?"
"ဟို အန်တီမေးစရာလေးရှိလို့ပါ"
"ဟုတ် မေးပါအန်တီ"
"အန်တီလိုရင်းပဲပြောပါမယ်..... အန်တီသမီးနဲ့သားကို နေရာချထားေပးချင်လို့ပါ အဲ့တာ သမီးသဘောကရော?"
"ရှင် ဟိုလေအဲ့ဒါက..............သမီးဘက်ကတော့ကိစ္စမရှိပါဘူး....ဒါပေမဲ့ သူရိန်က...."
သူမ ဆင်ထားသောဂွင်ထဲကိုဒီလောက်မြန်မြန်ကြီးဝင်လာလိမ့်မယ်မထင်မိပေ...
"သားကသမီးကိုသိပ်ချစ်ရှာတာပါ...ဒါ့ကြောင့်သမီးroseထွက်သွားကတည်းက
ဘယ်မိန်းကလေးကိုမှအကပ်ခံတာမဟုတ်ဘူး....ဒါပေမဲ့..."ဒေါ်မြင့်မိုရ်သူပြောနေရင်းစကားကိုရပ်လိုက်တော့....
"ဒါပေမဲ့ ဘာဖြစ်လို့လဲ အန်တီ?"
"ဟို သားကမိန်းကလေးတစ်ယောက်နဲ့တွဲနေတယ်"
"ရှင်!....ဘယ်သူလဲ?ဘယ်ကလဲ?"
သူမ ဟန်ပင် မဆောင်နိုင်လောက်အောင်
ဖြစ်သွား၏။သူ့ကို သူမအပိုင်ဟုတွက်ထားပြီးမှ အခုတစ်ခြားတစ်ယောက်နဲ့တွဲနေတယ်ဆိုတော့ မျက်နှာကိုရေနွေးပူနဲ့ပတ်လိုက်သလိုပင်...
![](https://img.wattpad.com/cover/368647514-288-k283392.jpg)
YOU ARE READING
ချစ်ရပါသော နှင်းဆီ
Romanceယခုဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည် ပထမဆုံးရေးတဲ့ဇာတ်လမ်းမို့လို့ အမှားတစ်စုံတစ်ရာများပါရင်လည်း ခွင့်လွှတ်ပေးကြပါလို့တောင်းဆိုအပ်ပါသည်။18+scene များပါသောကြောင့် အသက်18ပြည့်ပြီးမှဖတ်ကြရန်လည်းတောင်းဆိုအပ်ပါသည်။