Chapter 4

523 67 2
                                        

"တစ်ခုခုမူမမှန်ဘူး အစ်ကိုလေး .. ကြည့်ရတာ..."

"အင်း ငါသိတယ်"

ဂျိတ်ခ်နားထင်ကိုသာ လက်ညိုးနဲ့လက်မကိုသုံးပြီး ဖိထားရတယ်။ ထိုးကိုက်လာတဲ့ ဦးခေါင်းကြောင့် ဂျိတ်ခ်ရဲ့ စိတ်တို့ ပိုလို့ပင်မကြည်လင်တော့ဘူး။

"ဘယ်လိုလုပ်ကြမလဲဟင်"

"ငါစဉ်းစားလိုက်မှာမို့ အခုတော့ တစ်ချက် ထွက်သွားပေး"

"ဟုတ်ကဲ့ အစ်ကိုလေး"

အလိုက်တသိပဲထွက်သွားတဲ့ လက်ထောက်လေးနောက်မှာ ဂျိတ်ခ်ရဲ့စိတ်ရှုပ်ထွေးမှုက ပိုလို့ပင် တိုးများလာပြီး ဦးခေါင်းကိုက်ခဲမှုကလဲ ပိုတိုးလာရသည်။

တစ်ယောက်ယောက်က သူတို့လုပ်ငန်းမှာ ဝင်လာနှောင့်နေတာ ဂျိတ်ခ်သိသည်။ ဒီတစ်ခေါက် သူတို့လက်ထဲကို ပြဿနာကင်းကင်းရောက်လာရမယ့် ပစ္စည်းတွေကရောက်မလာဘဲ ပြဿနာတွေတစ်ခုပြီးတစ်ခုကြုံနေရသည်။ ပုံမှန်ဆို နိုင်ငံကူးတဲ့နေရာမှာအခက်အခဲမရှိပေမယ့် ခုတော့ တစ်ဖက်နိုင်ငံက စထွက်လာကတည်းက သာမန်ထက်ပိုတဲ့စစ်ဆေးမှုတွေကိုကြုံနေရသည်။ ဒါဟာ သွေးရိုးသားရိုးမဟုတ်မှန်း ဂျိတ်ခ်တင်မဟုတ် အဖွဲ့သားတွေပါရိပ်မိကြသည်။

ဂျိတ်ခ်ဟာ ထိုးကိုက်နေတဲ့ဦးခေါင်းကြောင့် မျက်မှောင်တို့ကျုံ့ထားဆဲ။ ကြာလာတော့ စိတ်ပါပို၍ရှုပ်ထွေးလာသည်မို့ မကြည်လင်တော့သည့်မျက်နှာလေးနောက်မှာ ထိုင်ခုံကိုခပ်လျှောလျှောမှီပြီး မျက်ဝန်းကိုပါမှိတ်လိုက်မိသည်။ မျက်ဝန်းတို့မှိတ်ထားသည့်တိုင်အောင် ဂျိတ်ခ်ရဲ့မျက်နှာကတော့ မကြည်မလင်။

ဒီတစ်ခေါက်ကိစ္စကိုဖြေရှင်းတဲ့အခါမှာ တစ််ခုခုထိခိုက်ရတာမျိုးဖြစ်လာမှာ သူစိုးရိမ်နေမိတာ။ သွေးရိုးသားရိုးမဟုတ်နေတာကြောင့် သူတစ််ခုခုလုပ်လိုက်တာနဲ့ မကောင်းတာတစ်ခုခုထပ်ဖြစ်လာမှာကို ဂျိတ်ခ်စိုးရိမ်နေမိသည်။ အဲ့လိုဖြစ်နေပေမယ့်လည်း သူက သူ့ပစ္စည်းတွေ ဆုံးရှုံးသွားရတာမျိုးကိုလည်း ထိုင်မကြည့်နေနိုင်ပါဘူး။

"ကျစ်"

စုတ်သပ်သံကတော့ စိတ်ညစ်နွမ်းမှုများစွာဖြင့် အခန်းအတွင်းပေါ်ထွက်လာ၏။

Beauty And The BeastWhere stories live. Discover now