ဂျိတ်ခ်ရဲ့အသက်ရှုသံတွေက အခုထိမြန်ဆန်နေတုန်းပဲ။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း ကွဲကြေအပိုင်းအစ အစိတ်အပိုင်းတွေကို တစ်စစီပြန်လည်ကောက်သိမ်းနေသည့်တိုင်အောင် သူ့ရဲ့စိတ်နှလုံးတို့က မတည်ငြိမ်သေးဘူး။
တကယ်တမ်းတော့ ဒါဟာ အကြောက်တရားပါ။ ကလေးတစ်ဦး အခြားသူဆီကနေလုယူထားတဲ့အရုပ်လေးကို ပိုင်ရှင်ဆီပြန်ပေးရမှာကြောက်တဲ့ ကြောက်စိတ်မျိုးနဲ့ ဂျိတ်ခ်က အခု ကွဲကြေအပိုင်းအစတွေကို အကြောက်တရားဆိုတဲ့ ငရဲမီးရဲ့နှုတ်ခမ်းဝထံပါးမှာ ဒူးထောက်အရှုံးပေးဖို့တာဆူခြင်းခံနေရတာပါ။
ဒါပေမယ့်လည်း ဂျိတ်ခ်က ငြင်းဆန်တဲ့နေရာမှာသိပ်တော်တယ်။ သူက သူ့ကိုယ်သူ အရှုံးသမားလို့လဲ မသတ်မှတ်သလို သူ့ရဲ့အရာအားလုံးကို အကြောက်တရားထံမှာ စုံဆုံးမြုပ်သွားမှာကိုလဲ ဂျိတ်ခ်က အတိုင်းသား ကြည့်နေမှာမဟုတ်ဘူး။
ဒါဟာ အကာအရံအထပ်ထပ်နဲ့ မျက်နှာဖုံးလွှာထဲက ရဲရင့်ဟန်ဆောင်နေတဲ့အလွှာပါးလေးတစ်ခုပါ။ ဒီလိုမျိုး ရှင်းမ်ဂျိတ်ခ်ကတော့ သိပ်ကိုသတ္တိတို့ပြည့်ဝဟန်ပေါ့။ အကြောက်တရားအိပ်မက်ဆိုးက သူ့ကိုဝါးမြိုလာမယ်ဆိုရင်တောင် ဂျိတ်ခ်က ဘာမှမဖြစ်သလိုအနေအထားနဲ့ ကြောက်စိတ်မီးလျံတို့လျှံတက်နေပြီဖြစ်တဲ့ နှလုံးသားကိုတောင် အထပ်ထပ်ကာရံရင်း ကွယ်ဝှက်ထားဦးမှာ။
ဒါဟာ ဂျယ်ယွန်းနဲ့မတူတဲ့ ဂျိတ်ခ်ရဲ့ ပုံစံခွက်ထဲက ခေါက်ရိုးကျိုးအပိုင်းအစတွေပါပဲ။
နောက်တော့ ဂျိတ်ခ်ဟာ သူ့စားပွဲအောက်ခြေက အံဆွဲတွေထဲကတစ်ခုကိုဖွင့်လိုက်ပြီး သုံးလေ့သိပ်မရှိလှတဲ့ ခလုတ်ဖုန်းကိုယူလိုက်သည်။ ထိုဖုန်းထဲတွင်တော့ ဖုန်းနံပါတ်တစ်ခုကသာ နေရာယူထား၏။ အဲ့လိုနဲ့ လက်ဆစ်နီနီတို့ဟာ ထိုတစ်ခုတည်းသော ဖုန်းနံပါတ်ကိုခေါ်ဆိုခြင်းပြုလိုက်သည်။
"..."
"ဘာထူးသေးလဲ"
"..."
"တစ်ခုခုမူမမှန်တာရော ရှိလား"
"..."
"သေချာစောင့်ကြည့်ထား ... တစ်ခုခုမူမမှန်တာ ထူးခြားတာနဲ့ ငါ့ကိုတန်းအသိပေး"