သက္ကရာဇ်တစ်ခုရဲ့ ရက်စွဲတစ်ခုမှာ ကြောင်ဖြူလေးတစ်ကောင်ကို မိုးသည်းတဲ့ညနေခင်းတစ်ခုမှာ ရှာတွေ့ခဲ့ပါတယ်။
တောက်ပတဲ့မျက်ဝန်းလေးတစ်စုံနဲ့ ကြောင်ဖြူလေးကို မြင်မြင်ချင်းမှာပဲ အပိုင်လိုချင်စိတ်ဖြစ်ခဲ့မိတယ်။ တကယ်ဆို သူက ကြောင်မချစ်ပါဘူး။ ဒါပေမယ့်လည်း မျက်ဝန်းနက်တွေက သိပ်တောက်ပနေခဲ့၍လား မဟုတ်လဲ ဒဏ်ရာရကြောင်ဖြူလေးကို ထီးမိုးပေးရင်း ကာကွယ်ပေးချင်စိတ်တို့ဖြစ်ပေါ်လာ၍ကြောင့်ပဲလား မပြောတတ်် သူဟာ ကြောင်ဖြူလေးကို ရင်ခွင်ထဲပိုက်ကာ အနွေးဓာတ်ပေးရင်း အိမ်ခေါ်သွားချင်ခဲ့တယ်။
တကယ်ဆို ဂျိတ်ခ်ကသိခဲ့တယ်။ ဒီကြောင်ဖြူလေးကို တစ်စုံတစ်ယောက်ရဲ့ဘေးမှာမြင်ဖူးကြောင်း ဒီကြောင်ဖြူလေးကိုထွေးပွေးပေးမယ့်သူဟာ သက်သက်ရှိပါကြောင်း ဒီကြောင်ဖြူလေးရဲ့မျက်ဝန်းတွေကိုသဘောကျနှစ်ခြိုက်တဲ့သူဟာ သက်သက်ရှိကြောင်း။ နောက်ပြီး အဲ့သူဟာ သူသိပ်ကိုရင်းနှီးလှတဲ့သူဖြစ်ပါကြောင်း။ ဂျိတ်ခ်ကတော့ သိခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျိတ်ခ်ဟာ သူ့ရဲ့ဆန္ဒတွေကိုမချိုးနှိမ်နိုင်ခဲ့ပါ။ သူက ကြောင်ဖြူလေးကိုအပိုင်လိုချင်စိတ်ကလွဲရင် ကြောင်ဖြူလေးကိုအနားခေါ်ထားချင်တဲ့စ်ိတ်ကလွဲရင် ကျန်တာတွေကိုမတွေးနိုင်ခဲ့ဘူး။ အဲ့လိုနဲ့ ဂျိတ်ခ်က ကြောင်ဖြူလေးကို သူ့အနားမရရအောင်ခေါ်ထားခဲ့ပါတယ်။
စုတ်တံတွေကိုင်တဲ့လက်ဆစ်နီနီတို့ကို ချုပ်နှောင်ပြီး တစ်စုံတစ်ယောက်ရဲ့ကမ္ဘာကို အမှောင်ချစေရင်း ဂျိတ်ခ်က အခြားသူအရင်တွေ့ထားတဲ့ ကြောင်ဖြူလေးကို သူ့အပိုင်အဖြစ် အရယူခဲ့တယ်။
တရားမျှတမှုတွေအကြောင်းလဲမတွေးတော့ဘူး။ လုပ်သင့်မလုပ်သင့်ဆိုတာတွေကိုလဲ ဂရုမစိုက်နိုင်တော့ဘူး။ အဖြူရောင်ဖြစ်တည်မှုလေးအား အရယူဖို့ကလွဲရင် ဂျိတ်ခ်က ကျန်တာတွေကို ဂရုမစိုက်နိုင်တော့တာပါ။ သူ့အတွက် သူ့ကမ္ဘာမှာ အဖြူရောင်တွေကိုဖြည့်သိပ်ဖို့ကိုပဲ သူက အရေးစိုက်ခဲ့တာ။
ဒါက နိဒါန်းလို့ခေါ်နိုင်မယ့် လုယူခြင်းတွေရဲ့အစပါပဲ။ အတ္တတွေဖုံးလွှမ်းနေတဲ့စာမျက်နှာတွေရဲ့ အစိတ်အပိုင်းပေါ့။ တစ်စုံတစ်ယောက်သာ အနားရှိရင်ဆိုတဲ့ မီးခိုးရောင်အပိုင်းအစတို့ပြည့်နှက်ခဲ့တဲ့ ဗီလိန်တစ်ဦးရဲ့ ကမ္ဘာတစ်ဖက်ခြမ်းပါ။ နောင်တကင်းတယ်လို့ဆိုလို့ရနိုင်ပါတယ်။ အကြောက်တရား အိပ်မက်ဆိုးကလွဲရင် အဖြူရောင်တွေပြည့်နေတဲ့ ကမ္ဘာကို ဂျိတ်ခ်က သိပ်ကိုသဘောကျတယ်။ ကြောင်ဖြူလေးကို ခွေးပေါက်လေးအသွင်ပြောင်းရင်း ဂျိတ်ခ်က အနားခေါ်ထားခဲ့တယ်။ ဘယ်သူ့ကိုမှပြန်မပေးနိုင်တော့ဘဲ သူတစ်ယောက်တည်းရဲ့အပိုင်အဖြစ်နဲ့ ဂျိတ်ခ်ဟာ အတ္တတွေကိုပါ ရစ်နွယ်ခဲ့ပါတယ်။