Chapter 5

786 74 22
                                        

"ဂျိတ်ခ်"

ထုံထိုင်းလာနေတဲ့အာရုံကြောတွေနောက်မှာ ဦးနှောက်ရဲ့လျင်မြန်စွာအသိပေးမှုအဆုံး ဒီနေရာမှာ တစ်စက္ကန့်ရဲ့လေးပုံတစ်ပုံစာမျှလေးတောင် ဆက်ရပ်မနေသင့်တော့ဘူးလို့ သဘောပေါက်သွားချိန်မှာတော့ ဂျိတ်ခ်ရဲ့ ခြေလှမ်းကျဲတွေက တစ်စုံတစ်ဦးရှိရာဆီဦးတည်သည်။

ဆောင်းဟွန်းလက်ထဲက ဖုန်းကို ဆတ်ခနဲဆွဲယူလိုက်တဲ့ ဂျိတ်ခ်ဟာ အားခပ်များများကိုပါ သုံးလိုက်သေးသည်။ ဖုန်းကောလ်ကိုလျင်မြန်စွာချလိုက်ပြီးနောက် ခက်ထန်လာနေတဲ့မျက်နှာမှာတော့ မကြာခင်ခပ်ပြင်းပြင်းမုန်တိုင်းတိုက်ခတ်တော့မယ်ဆိုတာကို ကြိုပြနေသယောင်နှင့် ပေါက်ထွက်တော့မည့် ဗုံးတစ်လုံးအလားဖြစ်နေခဲ့ပါသည်။

"ဂျိတ်ခ် ဖုန်းကလေ-"

"ထွက်သွား"

ပကတိဖြူစင်လွန်းတဲ့မျက်ဝန်းနက်တွေကတော့ နားမလည်ဟန်တွေပြည့်နှက်လာလို့ပါ။ ဂျိတ်ခ်ကတော့ အသက်ရှုတို့မြန်ဆန်လာရင်း တင်းကြပ်လာတဲ့ ရင်အစုန်နဲ့ ဘာမှမသိသူရဲ့မျက်နှာရိပ်တွေကို ရူးရူးမူးမူးအကုန်လစ်လျှူရှုထားရတယ်။ ပေါက်ထွက်လာတော့မယ့် ချိန်ကိုက်ဗုံးတစ်လုံးလို စိတ်အစဉ်တို့ကလွဲရင် ဂျိတ်ခ်က အခြားအရာတွေကို ဘယ်လိုနည်းနဲ့မှအာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

"ဂျိတ်ခ် အဆင်ပြေ-"

"ထွက်သွားလို့!!!"

ဟိန်းထွက်လာတဲ့ အသံမှာ ဒေါသတွေပြည့်နက်နေတဲ့အခါ မျက်ဝန်းနက်တစ်စုံထံက အရိပ်တွေကတော့ မှိုင်းညို့ခြင်းတွေလျှပ်ဖြာလာသည်။ ဂျိတ်ခ်ကတော့ သူ့နှုတ်ခမ်းပါးတွေကိုပဲ နာနာကျင်ကျင်ကိုက်ခဲထားမိတာပါ။ တစ်ဆတ်ဆတ်တုန်ယင်လာတဲ့ လက်ကိုကွယ်ဝှက်ရင်း ဂျိတ်ခ်က ဆောင်းဟွန်းအပေါ်ဒေါသထွက်သွားသလို ဟန်ဆောင်းခြင်းတွေကို သယ်ယူကာ ကာထားရတာ။

"ထွက်သွား ပတ်ဆောင်းဟွန်း"

ဂျိတ်ခ်ရဲ့အသံတို့က စတင်ပြီးတုန်ယင်ချင်လာပြီ။ မကြာခင်ပြိုပျက်လာတော့မယ့်ကမ္ဘာရဲ့ဘေးထွက်ဆိုးကျိုးပုံစံတွေကို သူက ဆောင်းဟွန်းကို မမြင်စေချင်ဘူး။ အဲ့ဒါကြောင့်ပဲ မျက်ဝန်းနက်လေးတစ်စုံထံက မေးခွန်းပေါင်းများစွာကို မမြင်ကွယ်ဟန်ပြုပြီး ဂျိတ်ခ်ဟာ ခဏတာပဲဖြစ်ဖြစ်ပုံမပျက်ရပ်တည်နိုင်နေအောင် ကြိုးစားနေရတယ်။

Beauty And The BeastWhere stories live. Discover now