"မောင်သိန်းမြတ်မင်းခေါ် မောင်ဗီတာမင်ရေ ထတော့ဟေ့ "
"ထပီ အမေရေ ထပီ "
"လယ်ထဲသွားတော့ နေ့လယ်မှ အမေထမင်းထုတ်လာပို့မယ်"
"ဟုတ်ပါပီ အမေရာ အဖေရော"
"နင်အဖေအကြောင်းသိရဲ့သားနဲ့ ရွာထဲမှာ လျှောက်ပတ်ကြည့်နေလောက်ပီ သူဘဲအားယားနေတာ "
"သွားပါစေ အမေရယ် "
"အမယ်လေး သူ့အဖေဘက်ကနေကာပေးနေသေးတယ် ဒင်းတို့သားအဖတွေကိုပြောကိုမပြောချင်ဘူး "
"မဟုတ်ပါဘူးအမေရာ"
"ဒေါ်ကြီးရေ သိန်းမြတ်ရှိလားဗျ"
"ရှိတယ်ကွဲ့ "
"ဟာ မင်းက စားနေပီလား ပီးရင် ငါတို့သွားကြမယ် "
"ဘယ်ကိုတုန်း"
"ထန်းရည်သွားသောက်ကြမယ်လေ မင်းကလည်း"
"ငါဒီနေ့ လယ်ထဲသွားရမှာ"
"ဘယ်လို ဘုရားတွေဘာတွေပွင့်တော့မလားဘဲ အရင်က အလုပ်ခိုင်းရင် ခေါင်းကိုက်နေတဲ့ကောင်က အခုမှ အလုပ်လုပ်ချင်နေပါလား"
"မင်းကလည်း လုပ်ချင်လွန်းလို့မဟုတ်ဘူး မြို့တက်ရင် ကားတိုးမစီးချင်ဘူး အဲ့တာကြောင့် ဆိုင်ကယ်ဝယ်မလို့"
"ဟားးဟားး ဟုတ်ပါပီဟ အဲ့ဆို ညနေရော"
"အေးရတယ်ဟေ့ကောင် ညနေမှသွားကြမယ်"
"အေးအေး ဒေါ်ကြီးရေ ပြန်ပီနော်"
"အေးအေး "
"အမေ ကျုပ်သွားတော့မယ်"
"အေးအေး ဂရုစိုက်သွားအုန်း "
သိန်းမြတ်မင်း ပုဆိုးတိုတိုဝတ်ကာ လယ်ဆီသွားတော့သည် တစ်ရွာလုံး ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီးဆိုလည်းမမှားပေ သူကိုလိုချင်သူများမှာ ဒုနဲ့ဒေး သူကတော့ အကုန်ငြင်းထားတာ အဲ့ထဲမှာ တစ်ရွာလုံးရဲ့ အလှမယ် ခင်လေးနွယ်အပါဝင်
ခင်လေးနွယ် က သိန်းမြတ်မင်းအား အသေလိုချင်ဆိုသူလည်းမမှားပေ ဗီတာလာတာမြင်တော့ ခင်လေးနွယ်တို့အုပ်စုဟာ ခင်လေးနွယ်အား အတင်းဘေးသို့တွန်းကာ ဗီတာရင်ခွင်ထဲရောက်အောင် တွန်းထည့်လိုက်သည် ဗီတာကလည်း ရှောင်လိုက်တာကြောင့် ခင်လေးနွယ်မှာ မြေပြင်သို့ပြုတ်ကျသွားသည်