"နွယ် နင်ကိုငါပြောစရာရှိတယ်"
"ပြောလေ ဘာပြောမလို့လဲ"
"သိန်းမြတ်အိမ်ကို မြို့သာလေးရောက်နေတယ်တဲ့ နင်သိလား"
"သတင်းတွေတော့ကြားတယ် ဘာဖြစ်လို့လဲ"
"အဲ့မြို့သားလေးကအရမ်းချမ်းသာတာတဲ့ နင်သာ သူကိုယူလိုက်ရင် နင်သူဌေးမကြီးဖြစ်သွားမှာ"
"တော်စမ်းပါဟယ် သူက ကိုသိန်းမြတ်လောက်ချောလို့လား"
"ချောတာမှပြောမနေနဲ့ မနေ့ကတောင်တွေ့လိုက်သေးတယ်
အသားလေးကလည်းဖြူ ရုပ်လေးကလည်း ချော ""ဟုတ်လား ဒါပေမဲ့ ကျုပ်မှမမြင်ဖူးတာတော်"
"လာခဲ့ တစ်ခါထဲလိုက်ခဲ့ အခုလေးတင် ကြီးတော်သိန်းကြည်စီသွားမလို့"
"အဲ့ဆိုလည်း လာလာ သွားကြမယ်"
ခင်လေးနွယ်နဲ့ တင်စိန် သိန်းမြတ်အိမ်သို့စီထွက်လာခဲ့သည်
ခင်လေးနွယ်ကတော့ မြို့သားလေးကိုမြင်ရဖို့ ရင်ခုန်နေပါပီတစ်ဖက်မှာတော့ ရိူင်းဟာ အိမ်ရှေ့မှာ စာအုပ်ထိုင်ဖတ်နေသည် မကြာပါ ခြံရှေ့ကိုမိန်းကလေးနှစ်ယောက်ရောက်လာသည်
"ကြီးတော်သိန်းကြည်ရေ "
"ဟေ ဘာတုန်း တင်စိန်ရဲ့"
"အိမ်ကအမေက ကြီးတော်အတွက် လာပေးခိုင်းလို့ပါ"
"အေးအေး ငါမအားသေးဘူး အနောက်မှာ ချိုင့်လဲသွားလိုက်"
"ဟုတ် ကြီးတော်"
"နွယ်လေး ငါအနောက်မှာ ချိုင့်သွားလဲအုန်းမယ် နင်မြို့သားနဲ့သွားစကားပြောချေ"
"အေးပါတော် ရှင်နောက်ကျမှပြန်လာခဲ့"
"အေးပါတော် ကျုပ်သွားပီ"
ခင်လေးနွယ် အဝတ်စားအား သေချာသပ်ရပ်စွာ ဆင်ပီးတော့ မြို့သားလေးထိုင်နေသည့်နေရာမှာ ကပ်တိုးလေးသွားထိုင်လိုက်သည်
ရိူင်းဘေးနားလာထိုင်တဲ့မိန်ကလေးအား ကြည့်လိုက်သည် သူက ရိူင်းအားခနခနခိုးကြည့်နေမို့ ပြုံးပြလိုက်သည်
"ဟို ဒီကအကိုက "
"ကျွန်တော်နာမည် ဇော်ရိူင်းထက်ပါ"
"ဟုတ် အကို ညီမနာမည် ခင်လေးနွယ်ပါ နွယ်လို့ခေါ်လို့ရတယ်"
"ဟုတ်ကဲ့ "
"အကိုကမြို့ကဆို"
"ဟုတ်တယ်ဗျ "
"ဒီကိုဘာလာလုပ်တာလဲ "
"....."
"နွယ် အရမ်းစပ်စုသလိုဖြစ်သွားတာဘဲ တောင်းပန်ပါတယ်နော်"
"ရပါတယ် ညီမရဲ့"
"ဟုတ် အကို နွယ်ကိုခင်နိုင်ပါတယ် ရွာထဲလျောက်လည်ချင်ရင် နွယ်ကိုပြောနော် နွယ်လိုက်ပို့မယ်"
"ဟုတ် ညီမနွယ်"
"နွယ်လေး တို့တွေပြန်ရအောင်"
"အကို နွယ်ပြန်တော့မယ်နော်"
"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါ ညီမနွယ်"
တင်စိန် လမ်းမှာ ခင်လေးနွယ်အားမေးမြန်းနေတော့သည်
"ဘယ်လိုလဲ မြို့သားလေးက သဘောကောင်းရဲ့လား"
"ကောင်းတာမှပြောမနေနဲ့ မကြာခင် ငါကသူဌေးကတော်ဖြစ်တော့မှာ သေချာနေပီ"
"အေးပါအေ အဲ့ကျရင် ကျုပ်တို့ကိုမေ့မသွားနဲ့အုန်းနော်"
"မမေ့ပါဘူးရှင်"
______________________________
စနိူက်မလေး ဇာတ်လမ်းစတော့မယ်😊