မနက်ခင်းတစ်ခုမှာ
"သိန်းမြတ်မင်း"
"ဗျာ့"
"လာအုန်း"
"လာပီအမေ"
"ဒါကဘာတုန်း"
"ဆိုင်ကယ်လေအမေရာ မမြင်ဖူးဘူးလား"
"ဟဲ့ မြင်ဖူးတယ်လေ ဒါဘယ်သူဟာလဲ"
"သားဟာလေ"
"နင်ကဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲ"
"ဟို အမေမဆူရင်ပြောပြမယ်"
"ရတယ် ပြော မဆူဘူး"
"အမေပိုက်ဆံနဲ့ဝယ်လိုက်တာ"
"ငါ့ပိုက်ဆံ နင်ကိုဘယ်တုန်းက ငါ့ပိုက်ဆံပေးလို့လဲ"
"မပေးထဲက သိလိုက်လေ ခိုးလို့ပေါ့ အမေရာ"
"အော် ဟုတ်သား ဘာ..... သိန်းမြတ်မင်း နင် သေပီသာမှတ်"
"ဟာ အမေ မ..မလုပ်နဲ့လေ တုတ်ကြီးချထားလိုက်ပါဗျာ"
"သေနာလေး လာစမ်း နင်သေပီသာမှတ်"
"အဖေရေ ကယ်ကြပါအုန်းဗျို့"
ဗီတာ အမေလိုက်ရိုက်လို့ ရွာထဲပတ်ပြေးနေရတော့သည် ရွာထဲက လူတွေကလည်း အထူးဆန်းမဟုတ်တော့ပေ နေ့တိုင်းဒိသားအမိ ရန်ဖြစ်နေတာကြောင့်ပင် ဒေါ်ကြည်ကတော့ လိုကါရတာမောလို့ အိမ်ပြန်ေရာက်နေပေမဲ့ သိန်းမြတ်ကတော့ အခုထိ ပုန်းနေဆဲပါ ညနေမှအိမ်သို့ပြန်ရောက်ခဲ့သည် အိမ်ရောက်တော့ သူ့ဆိုင်ကယ်ကို သော့နဲ့နွားတင်းကုတ်ကတိုင်မှာ ခတ်ထားသည်
"ဟာ အမေ ဘာလို့သော့ခတ်တာလဲ"
"ငါ့ပိုက်ဆံနဲ့နင်ဝယ်တာလေ အဲ့တော့ ငါဟာဘဲ သော့ခတ်တာဘာဖြစ်လဲ"
"အမေရာ ကိုယ့်သားကို ဒါလေးတောင်မပေးချင်ဘူးလား"
"မပေးနိုင်ဘူး ရည်းစားကျအဖြစ်ရှိအောင်မထားဘူး ငါလည်းချွေးမလိုချင်နေပီ မြေးချီချင်ပီ သမီးခင်လေးနွယ်က ချောပီးလှတာရွေးပါလားတော်"
"ကျုပ်မှမကြိုက်တာ အမေရာ ကျုပ်နှလုံးသားကို လူပ်ကိုင်နိုင်တဲ့သူမရှိသေးပါဘူး ရှိရင် အမေပြောစရာမလိုဘူး ကျုပ်ချက်ချင်းအိမ်ခေါ်လာခဲ့မယ်"