Part 5

431 35 2
                                    

"မြို့သားလေး ရွာထဲလျောက်လည်လေ မလည်ဘူးလား"

"ဗျာ ဟို ကျွန်တော် ရွာထဲသိပ်မရောက်ဖူးတော့ "

"အို ဒါများကွယ် ဒေါ်ကြီးသားရှိတာဘဲ သူကိုလိုက်ပို့ခိုင်းလိုက်မယ်လေ"

"ရပါတယ် အားနာစရာ"

"မလိုပါဘူး မြို့သားလေးရယ် ခနလေးနော် ဒေါ်ကြီးသွားခေါ်ပေးမယ်"

"ဟုတ် "

"သိန်းမြတ်မင်းရေ ထွက်ခဲ့အုန်း "

"ဗျာ လာပီအမေ့ရေ"

"ဘာတုန်းဗျ"

ရိူင်း ဗီတာကိုကြည့်တော့ စွတ်ကျယ်နဲ့ သူဗလနဲ့သူတော့ကြည့်ကောင်းနေတာဘဲ အသားညိုညို ပုဆိုးခပ်တိုတိုဝတ်ထားပုံဟာ အရမ်းကြည့်ကောင်းမနေပေမဲ့ သူကတော့ ကြည့်ကောင်းနေသည်

"မြို့သားလေးကို ရွာထဲ ပို့ပေးလိုက်အုန်း သူလည်းအိမ်ထဲမှာဆိုတော့ ပျင်းတာပေါ့"

"ဟာဗျာ အမေရာ ကျူပ်မအားဘူး ပို့ခိုင်းချင်ရင် အဖေနဲ့သွားခိုင်းလိုက်"

"အော် အေးအေး အမ် ဟဲ့အကောင် နင်ကိုငါခိုင်းတာလေ နင်ကအဖေကိုပြန်ခိုင်းချင်နေတာလား"

"မဟုတ်ပါဘူးအမေရာ ကျူပ်ညနေကျရင် လိုက်ပို့လိုက်မယ်"

"ပီးတာဘဲ မြို့သားလေး ညနေလိုက်ပို့မယ်တဲ့ အဆင်သင့်လုပ်ထားလိုက်နော်"

"ဟုတ် အန်တီ ဟို ကျွန်တော်ကို မြို့သားလေးလို့မခေါ်ပါနဲ့လား ကျွန်တော်နမည်က ဇော်ရိူင်းထက်ပါ "

"အော် အေးပါကွယ် အဲ့ဆို သားရိူင်းလို့ခေါ်လို့ရတယ်မလား"

"ရပါတယ်ဗျ "

"အေးအေး "

ညနေရောက်သောအခါ

"သွားမယ်ဟေ့ ဟိုမြို့သား"

"လာပါပီ ငါကိုမြို့သားလို့မခေါ်နဲ့ နာမည်ရှိပီးသား"

"ရှိလည်း ကျုပ်ကြိုက်ရာ ခေါ်မှာဘဲ ဘာဖြစ်လဲ"

"မင်းး"

"သွားမယ် တက်"

"လမ်းလျောက်မသွားဘူးလား"

"လမ်းလျောက်သွားချင်တာလား မသိဘူးလေ ဆိုင်ကယ်နဲ့သွားမလားလို့ပါ အဲ့ဆိုလည်း လမ်းလျောက်ကြတာပေါ့"

"ဟုတ်"

လမ်းလျောက်ပီး ရွာထဲလှည့်ပတ်ကြည့်ရာ ‌ရွာလေးဟာ စိမ်းလန်းစိုပြေနေတာဘဲ လေလေးတစ်ဖြူးဖြူးနဲ့ ဆိုသည်မှာ တစ်ကယ် နေချင်စရာကောင်းသောရွာလေးပင် တောင်ကုန်းလေးတစ်ခုပေါ်ထိုင်‌နေရင်း ပတ်ဝန်းကျင်ရဲ့ အလှကို ကြည့်နေသည် နေဝင်ချိန်လေးဖြစ်တော့ ပိုလှသည်

"ကိုသိန်းမြတ်"

"ဟင် ဘာလဲ"

"နောက်ဆို အခုလိုနေဝင်ချိန်လေးတွေ ကြည့်ချင်လို့ လိုက်ပို့ပါလားဟင်"

"အင်း ရပါတယ် ကျုပ်လိုက်ပို့ပါမယ်"

"ဒါနဲ့ ကိုသိန်းမြတ်အသက်က ဘယ်လောက်လဲ"

"21"

"အော် ကိုသိန်းမြတ်က ရိူင်းထက်ငယ်တာဘဲ ရိူင်းက 24"

"ဟုတ်လား မထင်ရဘူးနော် နုသားဘဲ မြို့သူမြို့သားတွေကအဲ့လိုဘဲလားဗျ"

"အဲ့လိုကြီးလည်းမဟုတ်ပါဘူး"

"အေးပါ ဒါနဲ့ခဗျားက ရွာကိုဘာကိစ္စရှိလို့လာရတာလဲ"

"ဒီလိုပါဘဲအကြောင်းတစ်ခုခုရှိလို့ပါ"

"အင်းပါ ခဗျားမပြောချင်ရင်လည်း ကျုပ်ကအတင်းမမေးပါဘူး"

"ဒါနဲ့မင်းရော ဘာ‌စိတ်ကူးတွေရှိလဲ"

"ကျုပ်လား ကျုပ်အရင်ကထဲက စိတ်ကူးက ဒီရွာကမိန်းကလေးတစ်ယောက်ကိုယူပီး ခလေးလေးတွေမွေးပီး ဒီရွာမှာဘဲနေမယ်လို့ ကျုပ်ဒီရွာလေးကိုမြတ်နိုးတယ် ဒီရွာမှာမွေး ဒီရွာမှာကြီးပြင်းလာတာကြောင့် ဒါပေမဲ့ ကျုပ်စိတ်ကူးတွေ ပြောင်းလဲလာသလိုဘဲ"

"ဘယ်လိုပြောင်းလဲသွားလို့လဲ"

"လူတစ်ယောက်ကြောင့် ကျုပ်အဲ့လူကို ကျုပ်အနားမှာထားချင်တယ် ကျုပ်သူကိုချစ်တယ်"

ရိူင်း ဗီတာပြောတာနာထောင်ပီး ရင်ခုန်လာသည် ဒါပေမဲ့ သူလူတစ်ယာက်ကိုချစ်တယ်ပြောတဲ့အချိန် ဘာလို့ ငါကရင်ဘတ်အောင့်ရတာလဲ ဒီတိုင်း ဒီတိုင်းနေမှာပါ

"အဲ့လူကဘယ်သူလဲ"

"အဲ့လူက "

ရိူင်း ဗီတာပြောမှာကို သေချာနားစိုက်ပီး နားထောင်ပေမဲ့ ဗီတာကတော်တော်နဲ့မပြောပေ

"ထားလိုက်ပါတော့ ပြန်ရအောင် "

"ဟင် အင်းပါ "

ရိူင်းနဲ့ဗီတာပြန်လာခဲ့သည် ဗီတာကတော့ လမ်းကိုအေးဆေးလျောက်နေပမဲ့ ရိူင်းကတော့ အဲ့လူကဘယ်သူဖြစ်မလဲစဉ်းစားနေတော့သည်
_________________________________
တင်ပေးလိုက်ပိနော်🤗

မောင်လူဆိုးလေးWhere stories live. Discover now