Part 4

393 30 9
                                    

"သိန်းမြတ်ရယ် သွားနမ်းမှတော့ထိုးခံရမှာပေါ့ "

"အမေရာ မူးနေလို့ပါ မဟုတ်ရင်မနမ်းပါဘူး"

"အဲ့တာကြောင့် အဲ့ထန်းရည်တွေမသောက်နဲ့လို့ပြောတာပေါ့အခုဟာက မြို့သားလေးဖြစ်နေလို့ ရွာထဲက မိန်းကလေးတစ်ယောက်ကိုသာနမ်းလိုက်ရင် နင်တော့မလွယ်ဘူး"

"ရပါပီအမေရာ နားညီးတယ် နှာခေါင်းနာရတဲ့ထဲ နားပါလာပူနေသေးတယ်"

"ရော့ ရေခဲခနကပ်ထား နင်နှာခေါင်းကြီးနီနေတာ ဆေးလိမ်း"

"ပီးကော"

ဗီတာ ရေခဲထုပ်လေးအား နှာခေါင်းနားဖြေးဖြေးကပ်တာထိုင်နေတော့သည် တစ်ကယ်ပါ နှာခေါင်းတစ်ခုလုံးနာနေတာ ပီးတော့ ရဲနေတာဘဲ မြို့သားတော်တော်လက်သန်ပြောင်တာဘဲ

ရိူင်းအိပ်ခန်းကနေ ဗီတာအား ခိုးကြည့်နေသည် တော်တော်စိမ့်သွားတဲ့ပုံဘဲ ဒါပေမဲ့ ငါမမှားဘူးလေ သူလာနမ်းတာကိုတွေးရင်းရှက်လိုက်တာ ဆေးတော့သွားပေးလိုက်ပါမယ် တော်ကြာရက်စက်တဲ့သူဖြစ်နေအုန်းမယ်

"ဒီမှာ"

"ဘာလဲ "

"ရော့ ဆေး ဒါလေးလိမ်းလိုက် ပျောက်သွားလိမ့်မယ်"

"ခဗျားဆီကဟာတွေဘာမှမလိုချင်ဘူး "

"ငါကပေးချင်လို့ပေးတာမှမဟုတ်တာ မင်းနှာခေါင်းကတော်တော်ရဲနေလို့လေ"

"မလိမ်းဘူး"

"လာပါ ငါလိမ်းပေးမယ်"

"ပီးကော"

ဗီတာ ရိူင်းဘက်လှည့်ထိုင်လိုက်သည် ရိူင်းလည်း ဆေးကို ဗီတာနှာခေါင်းအား ဖြေးဖြေးလိမ်းပေးတယ်

"အာ့"

"ဟင် ဘာဖြစ်တာလဲ စပ်သွားလို့လား"

ဟူးး

ရိူင်းစပ်သွားတယ်ထင်လို့ လေမူတ်ပေးနေပေမဲ့ ကိုဗီတာရဲ့အကြည့်တွေဟာ ရိူင်းရဲ့ နူတ်ခမ်းလေးဆီအကြည့်ရောက်နေတော့သည်

မနေနိုင်စွာ ထပ်နမ်းလိုက်သည်

ပြွတ်

"ဟင် မင်း"

ရိူင်းထိုးမလို့လုပ်ပေမဲ့ ဗီတာက အမြန်ဖမ်းလိုက်တာကြောင့်

"တစ်ခါဘဲရမယ် နှစ်ခါမရဘူး ရှင်းတယ်နော်"

"ရတယ် ငါကလည်း နှစ်ခါရအောင်လုပ်ပြမယ် "

ကျန်လက်တစ်ဖက်နဲ့ ဘေးက လင်ဗန်းကိုယူကာ ဗီတာအား ရိုက်ချလိုက်သည်

ဗြန်းးးးးးးးး

"အမလေးဗျ"

"မှတ်ပီလား ဖယ် "

"ဟင်းး ဒီမြို့သားကတော့ ငါလုပ်လိုက်ရတော့"

ခေါင်းအားပွတ်ကာ ကျန်ခဲ့သည် အကွယ်ကနေချောင်းနေတဲ့ ဗီတာအမေကတော့ သူ့သား ဘာလို့သွားနမ်းတာလဲသိချင်လာသည်

"ညနေရောက်မှ ဒင်းကိုမေးအုန်းမယ် ကျုပ်အတွက် ချွေးမမရှာဘဲ သမက်ရှာပေးတော့မယ်နဲ့တူတယ်"

ညနေရောက်တော့

"ဟဲ့သိန်းမြတ် ငါ့အနားလာပါအုန်း"

"ဘာလဲအမေရာ ကြက်တိုက်တာရူံးရတဲ့ထဲ"

"ကျုပ်မေးမလို့ပါတော် "

"ဘာမေးမှာတုန်း အမေရ"

"နင် ခြောက်နေပီလား "

"ဘာဗျ ဘာခြောက်ရမှာလဲ စိုတာမှ စိုနေတာဘဲ "

"အဲ့ဆို ဘာလို့မြို့သားလေးကိုသွားနမ်းတာလဲပြော"

"ဒါကတော့ ဒီလိုဘဲပေါ့ဗျာ "

"အဲ့ဒီလိုဘဲဆိုတာကိုသိချင်တာ"

"မသိချင်ပါနဲ့ အမေရာ"

"ကျုပ် မေးတာကိုသာဖြေ နင်သဘောကျလား ကျုပ်ကတော့ ဘယ်သူနဲ့ဖြစ်ဖြစ် သဘောတူပီးသားပါ "

"မသေချာသေးပါဘူးအမေရာ "

"သေချာအောင်လုပ်လေ နင်အဖြစ်မရှိဘူးလား"

"အမေကလည်း ဟိုကရွာရောက်တာ5ရက်ဘဲရှိသေးတယ် ချက်ချင်းကြီးဖွင့်ပြောတော့ ကျုပ်ကို ပါးရိုက်လွှတ်မှာပေါ့"

"အေးနော် အဲ့တာလည်းဟုတ်သား ထားပါတော့ သူကိုတစ်ကယ်သေချာပါတယ်နော်"

"သေချာတယ်ဗျာ ဟုတ်ပီလား"

"အေးအေး သွားသွား ငါ့သားလေး မြန်မြန်ရအောင်လုပ်နော် "

"ဒီအမေကတော့ ငါထက်တောင် တော်တော်ဖြစ်နေပါလား"

ဗီတာကတော့ သူကြက်ဖလေးကို သေချာ အစာကျွေးပီး ကြိုးနဲ့ချည်ထားတော့သည် ပီးတာနဲ့ သူလည်းရေမိုးချိုးကာ ထမင်းစားတော့သည်
________________________________
ကိုသိန်းမြတ် သူတော်တော်ဆိုးနေပီ🤭
ဟိုကရောက်တာ5ရက်ဘဲရှိသေးတယ် 2ခါတောင်နမ်းခံရပီးပီ

မောင်လူဆိုးလေးWhere stories live. Discover now