Part (6)

199 28 4
                                    

Thursday,

Soonyoung နိုးနိုးလာခြင်း မနေ့ကအဖြစ်အပျက်များကို ပြန်တွေးလိုက်မိသည်။ Shower Room တွင် မှားထားခဲ့မိတဲ့သဘက်ကြောင့် ဒေါသပုန်ထနေသည့် Boss အား ထားခဲ့ကာ Store ဆိုင် အမြန်ပြေးပြီး Towel အကြီးတစ်ထည်ဝယ်လာပြီး ပေးလိုက်ရသည်။အပြန်လမ်းတွင်လည်း မျက်နှာပူကာစကားတစ်လုံးမှမဟရဲဘဲ ကားကိုသာ စံအိမ်အမြန်ရောက်အောင် မောင်းလာခဲ့လိုက်သည်။

ထို့နောက် ဘောက်ဆက်ဘောက်ဆက်နှင့်စံအိမ်ထဲ ဝင်သွားသော Boss ကို သူ ကြောက်သွားကာ မနက်ဖြန် သွားမယ့် အချိန်ကိုပင် မပြောမိပေ။

အိပ်ယာ ထထခြင်း မနေ့က DM ကို စစ်ကြည့်တော့ သူမမှတ်ထားမိတဲ့ Contact တစ်ခုကနေဝင်လာခြင်းဖြစ်သည်။ နံပါတ်စိမ်းမို့ စာမပြန်ကာ ဖုန်းကို ချလိုက်ပြီး
ကိုယ်လက်ဆေးကာ ထုံးစံအတိုင်းသေနတ်ပစ်လေ့ကျင့်ရေးစတင်ရတော့သည်။

------------------------

ဘာရယ်တော့ မဟုတ်ပေမယ့် Towel တစ်ထည်ကြောင့် အော်မိသည့် သူ့ကိုယ်သူ အားနာမိသည်။ Jihoon ဘဝမှာ အရှက်ရစရာ ကိစ္စရပ်တစ်ခုကိုပြောပါဆိုလျှင် UK မှာ ကျောင်းတက်စဉ်က ကိစ္စပင်ဖြစ်လိမ့်မည်။

မူလတန်းအရွယ် Jihoon တစ်ယောက် ရှိုက်ကြည့်တငင် ငိုခဲ့ရသည့် ထိုအဖြစ်အပျက်။သူမဟုတ်ကြောင်း ငြင်းနေသော်လည်း မည်သူမှအဖတ်မလုပ်သည့်အပြင် အားလုံးက "Pink Girl" ဟုသာ လက်ညိုးတထိုးထိုး ဝိုင်းစခဲ့ကြသည်။

အကြောင်းမှာ အတန်းဖော်ကောင်မလေးတစ်ယောက်၏မျက်နှာသုတ်ပဝါ အပန်းရောင်လေးပျောက်ဆုံးကာ သူ့လွယ်အိတ်ထဲရောက်နေခြင်းကြောင့်ပင်။ ထိုကောင်မလေးမှာ Korea-UK ကပြားသူလေး ဖြစ်ပြီး စကားပြောဖော်ပြောဖက်ဖြစ်သည်။ UK စပြောင်းပြောင်းခြင်း နေသားမကျသေးသည့် သူ့အား တရင်းတနှီး မိတ်ဆက်ကာ အဖော်ပြုပေးခဲ့သည်။

စကားအလွန်နည်းပြီး အပြုံးအရယ်မရှိသည့် Jihoon ကို မူလပုံစံအတိုင်းလေး ပြန်ဖြစ်အောင် လုပ်နိုင်ခဲ့သည့် တစ်ဦးတည်းသော သူငယ်ချင်းဆိုလည်း မမှားပေ။

အခုတော့ ထိုသူငယ်ချင်းနဲ့ပင် ပတ်သတ်ပြီး သူ့ဘဝအတွက် အကြီးမားဆုံး Trauma ရခဲ့ရသည်။ နောက်ဆုံး ကျောင်းပြောင်းရသည်အထိကို လိုက်စနောက်ခဲ့ကြသည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now