Unicode
ဂျောင်ဂုရေချိုးနေသည်။ထယ်ဟျောင်းကတော့သူတို့အင်္ကျီတွေကိုပြင်ဆင်နေသည်။ဂျောင်ဂုအတွက်အခု၀တ်ဖို့အဖြူရောင်T shirtတထည်၊ဂျင်းဘောင်းဘီတစ်ထည်နဲ့ဂျင်းအနွေးထည်တထည်ထုတ်လိုက်ပြီးယူသွားရန်T shirt အမဲ၊အမဲရောင်ဂျင်းဘောင်းဘီနဲ့အနွေးထည်အပါးတစ်ထည်ကိုလက်ဆွဲအိတ်ထဲထည့်လိုက်သည်။ထို့နောက်သူ့အတွက်shirtအဖြူလက်ရှည်နဲ့ဂျင်းဘောင်းဘီကိုကုတင်ပေါ်တင်ပြီးTshirtအစိမ်းတစ်ထည်(အစိမ်းပေါ်JVဆိုသောစာပါသည်)၊ဂျင်းဘောင်းဘီနဲ့boxer1ထည်ကိုလက်ဆွဲအိတ်ထဲထည့်လိုက်သည်။
ဂျောက်!
"ငါရေချိုးပြီးပြီ..မင်းသွားချိုးတော့လေ"
"အော်..အေး..မင်းboxerတွေကိုကိုယ့်ဘာသာကိုထည့်တော့"
"မထည့်ပါဘူး..မင်းထည့်ပေး"
"အဲ့တာကတော့ငါမလုပ်ပေးနိုင်ဘူးလေ"
"အဲ့တာဆိုpopoပေး"
ထယ်ဟျောင်းကအရှက်သည်းသူဖြစ်သည်။ဂျောင်ဂုရဲ့boxerကိုထည့်ပေးရမှာရှက်သည်။မထည့်ပေးရင်လည်းဂျောင်ဂုပါးကိုနမ်းရအုန်းမယ်။
ထယ်ဟျောင်းbathrobeတစ်ထည်ယူပြီးရေချိုးခန်းကိုမသွားခင်ဂျောင်ဂုပါးကိုနမ်းလိုက်သည်။
မွ(အားကျလိုက်တာဟယ်)
ထို့နောက်ရေချိုးခန်းထဲရှက်ပြာ"နဲ့၀င်သွားသည်။ဂျောင်ဂုကတော့အပြုံးသားကြီးကျန်ခဲ့သည်။ဂျောင်ဂုခန္တာကိုယ်ပေါ်ကရေစက်တွေကိုသဘက်ဖြင့်သုတ်ပြီးဗီရိုထဲမှာboxer ၂ထည်ကိုယူလိုက်သည်။တစ်ထည်ကို၀တ်လိုက်ပြီးနောက်တစ်ထည်ကိုအိတ်ထဲထည့်လိုက်သည်။ပြီးတော့ထယ်ဟျောင်းထုတ်ပေးထားသည့်အင်္ကျီနဲ့ဘောင်းဘီကို၀တ်လိုက်သည်။အ၀တ်၀တ်ပြီးတာနဲ့ခြံရှေ့ကကားသံကိုကြားလိုက်ရသည်။ပြတင်းပေါက်ကကြည့်လိုက်တော့ယွန်ဂီးhygဖြစ်သည်။ဂျောင်ဂုလည်းအိမ်အောက်ထပ်ဆင်းပြီးတံခါးဖွင့်ပေးလိုက်သည်။
"လာhyg"
"အေး"
"ထိုင်အုန်း..ထယ်ဟျောင်းကတော့မပြီးသေးဘူး"
"အင်းပါ..အိပ်ချင်လိုက်တာ"
"အော်ယွန်ဂီးhygတောင်ရောက်ပြီလား"
YOU ARE READING
Sex Crazy
Fanfictionမောင်ထယ့်ကိုအရမ်းချစ်တယ်ကွာ... ထယ့်ကိုအရင်တုန်းကကြည့်မရခဲ့ပေမယ့်အခုမကြည့်ဘဲမနေနိုင်တော့ဘူးထယ်ရယ်