Part-31(Uni/Zaw)

630 6 0
                                    

Unicode

အချိန်ကြာလာတာနဲ့အမျှထယ်ဟျောင်းတို့ရဲ့အချစ်ကပိုမ်ုတည်မြဲလာခဲ့သည်။ရက်တွေတစ်ရက်ပြီတစ်ရက်ကုန်ဆုံးသွားပြီးထယ်ဟျောင်းတို့တွဲလာတာ4လပြည့်တော့မည်ဖြစ်သည်။မိဘတွေလည်းသဘောတူသိထားသောကြောင့်အိမ်တွင်လည်းချစ်သူရည်းစားအခေါ်‌အဝေါ်နဲ့ပဲခေါ်ကြသည်။

"မောင်ရေ"

ထယ်ကကျနော့်ကိုခေါ်တာမောင်တဲ့။ခများတို့သိလားကျနော့်ထယ်ကကလေးဆန်ပြီးချစ်စရာလေး။မနက်ဖြန်ဆိုရင်ကျနော်တို့ရဲ့4 months Anniversary
လေ။အာပါးကတော့အဲ့နေ့မှာထယ်နဲ့အတူတူတစ်နေ့လုံးဖြတ်သန်းပါတဲ့။အဲ့ဒါ‌ေကြာင့်ကျနော်လည်းထယ်နဲ့တူတူလျှောက်လည်ဖို့ဆုံးဖြတ်လိုက်တယ်။

အိပ်ယာကနိုးလာတဲ့ထယ်ဟျောင်းကသူနိုးတော့သူ့ဘေးနားမှာသူ့မောင်မရှိလို့အော်ခေါ်နေသည်။ဂျောင်ဂုလည်းထယ်ဟျောင်းဆီရောက်လာသည်။

"မောင်"

"ဗျာ..ပြောလေ"

"ဒီနေ့ကျောင်းတက်ရအုန်းမှာလား"

"တက်ရမှာပေါ့မောင့်ထယ်လေးရဲ့"

"အဲ့ဒါဆိုမျက်နှာသွားသစ်လိုက်အုန်းမယ်"

"ပြီးရင်‌လွယ်အိတ်ယူပြီးအောက်ဆင်းလာခဲ့နော်"

"အွန်း"

------------------
ထယ်ဟျောင်းရေမိုးချိုးပြီးအောက်ထပ်ဆင်းလာသည်။ဒီနေ့တော့သားအမိတွေပဲရှိ၏။အဖေဖြစ်သူကသူ့ကုမဏ္ဏီတွင်ရှယ်ယာရှင်များနှင့်အစည်းအဝေးရှိတာကြောင့်စောစောသွားရသည်။ထယ်ဟျောင်းတို့မနက်စာစားပြီးကျောင်းသို့ထွက်လာကြသည်။ကျောင်းရေုက်တာနဲ့ပထမဦးဆုံးမြင်လိုက်ရတာကဂျပုကောင်တို့အတွဲ။ကားပါကင်မှာလာရိုနေကြတာလေ။ဂျီမင်တို့ကထယ်ဟျောင်းတို့စတွဲတဲ့လရဲ့နောက်လမှရီးစားဖြစ်သွားကြတာ။

"ထယ်‌လုံးး"

ဂျီမင်ကထယ်ဟျောင်းကိုချစ်စနိုးဖြစ်ခေါ်ကာထယ်ဟျောင်းကိုဖက်လိုက်သည်။

"ပြော..မိုချီလုံး"

ဂျီမင်ကထယ်ဟျောင်းလက်ကိုတွဲကာ

"လာအခန်းထဲသွားကြမယ်"

ထယ်ဟျောင်းတို့နှစ်ယောက်အရှေ့ကသွားတော့အနောက်ကပိုင်ရှင်ကြီးတွေကလည်းပြုံးပြုံးကြီးလိုက်ရတာပေါ့။ထယ်ဟျောင်းတို့အခန်းထဲ၀င်သွားတော့မှဂျောင်ဂုတို့လည်းသူတို့အခန်းကိုပြန်လာကြသည်။

Sex Crazy Where stories live. Discover now