Part-28(Uni/Zaw)

628 23 0
                                    

Unicode

"ကျေးဇူးပါ ကောင်လေးရေ"

"ဟုတ်ကဲ့"

ထယ်ဟျောင်းတို့ဟန်မြစ်ဘက်ကိုဘာဂါစားရင်းလမ်းလျှောက်လာကြသည်။ဟန်မြစ်ဘေးကိုရောကမချိန်တွင်ဂျီမင်က

"ငါအအေးသွား၀ယ်လိုက်အုန်းမယ်..ဒီမှာစောင့်နေနော်"

"အေး"မြန်မြန်ပြန်လာနော်"

"အေး"

ဂျီမင်ထွက်သွားတော့ထယ်ဟျောင်းလည်းဟန်မြစ်ရဲ့ညအလှကိုကြည့်နေလိုက်သည်။ထိုအချိန်အနောက်မှာတစ်စုံတစ်ယောက်ရဲ့ခေါ်သံကိုကြားလိုက်ရသည်။

"ထယ်ဟျောင်းဂါ"

ထယ်ဟျောင်းအနောက်လှည့်ကြည့်လိုက်တဲ့အခါဂျောင်ဂုဖြစ်နေသည်။ဂျောင်ဂုသည်suitအပြည့်ဝတ်ဆင်ထားပြီးချောမောခန့်ညားနေသည်။

"မင်းဘာလာလုပ်တာလဲ"

ဂျောင်ဂုကထယ်ဟျောင်းရဲ့အမေးကိုလျှစ်လျှူရှုပြီးစကားလမ်းကြောင်းလွှဲလိုက်သည်။

"ဟန်မြစ်ကလပြည့်ညဘက်ဆိုတော်"လှတာပဲ"

"...."

"ကောင်းကင်ကြီးကိုကြည့်လိုက်ထယ်ဟျောင်း"

"ဘာရှိလို့လဲ"

"မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ကြယ်လေးတွေနဲ့ထိန်ထိန်သာနေတဲ့လမင်းကြီးကအလွန်လိုက်ဖက်တာပဲ"

"...."

"အဲ့လိုပဲမင်းကလမင်းကြီးဆိုရင်ကိုယ်ကမင်းဘေးနားမှာ၀န်းရံပြီးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ကြယ်လေးပါထယ်ယောင်းရာ"

"ထူးထူးဆန်းဆန်း..ဘာတွေလာပြောနေတာလဲ"

ဂျောင်ဂုသူ့ကုတ်အင်္ကျီအတွင်းဘက်အိတ်ကပ်ကနေဘူးတစ်ဘူးကိုထုတ်လိုက်ပြီးထယ်ဟျောင်းရှေ့ကိုဒူးထောက်တစ်ဘက်ထောက်လိုက်သည်။ပြီးနောက်ဘူးကိုဖွင့်လိုက်ပြီးထယ်ဟျောင်းကိုပြကာ

"ထယ်ဟျောင်း...ကိုယ်‌မင်းကိုချစ်တယ်"

"ဂျောင်ဂု..မင်းဘာတွေလုပ်နေတာလဲ..ငါတို့ကညီအကိုတွေလေ"

"ညီအကိုတွေဆိုပေမဲ့သွေးသားမှမတော်စပ်တာ...ကိုယ်တို့နှစ်ဦးပေါင်းဖက်ပြီးသွေးသားတော်စပ်တဲ့ဘေဘီလေးတွေ‌မွေးကြမယ်လေ"

Sex Crazy Where stories live. Discover now