Chapter 2 UNICODE

5.9K 120 1
                                    

ဒီလောက်ဆိုးသွမ်းနေတဲ့ကောင်လေးကို ဂူထဲဆွဲခေါ်ပြီး ဖွက်ထားရမယ်။

ဒီနေ့ အတန်းချိန်သိပ်မရှိ​ပေ။ ချန်ယွမ်းစမ် ဂိမ်းခဏဆော့ပြီး နေ့လည်စာစားဖို့ ချီရွှင်းကို သွားရှာလိုက်သည်။

ချီရွှင်းရဲ့ မျက်နှာပေါက်က ဂိမ်းထဲကဇာတ်ကောင်တွေအတိုင်း အရမ်းလှတယ်။ မျက်နှာမှာတော့ ဘာစိတ်ခံစားချက်မှမတွေ့ရဘူး။ နည်းနည်းတော့ ညှို့အားပြင်းတဲ့ပုံနဲ့ အမြဲမျက်နှာထားပုပ်ပုပ်နဲ့ဆိုတော့ ဘယ်သူမှ သူ့အနားသိပ်မကပ်ရဲကြဘူး။

အဲ့ဒါတောင် အတန်းကြီးတွေရော အတန်းငယ်တွေရော ထမင်းစားနေတုန်း သူ့ကို ခိုးကြည့်နေကြတာမနည်းဘူး။

ချန်ယွမ်းစမ်အတွက် ဒါတွေကမရိုးတော့ပေမယ့် သူ့အပိုင်ကို တခြားသူတွေက ပိုင်စိုးပိုင်နင်းလာလုပ်နေတာတော့ မကြိုက်ရေးချမကြိုက်။

“အတန်းဖော်ချီက အရမ်းနာမည်ကြီးလိုက်တာနော်။” လို့ပြောလိုက်တာကို ချီရွှင်းကြားတော့ မီနူးကတ်ကိုကောက်ထောင်လိုက်ပြီး သူ့မျက်နှာသူ ကွယ်ထားလိုက်တယ်။ ချန်ယွမ်းစမ်ဘက်ကို ခေါင်းလေးစောင်းပြီး ပါးပေါ်ဖွဖွလေးနမ်းလိုက်သေးသည်။

“စိတ်မဆိုးပါနဲ့။” ဆိုတဲ့ လေပြည်အေးလေးအောက်မှာ ချန်ယွမ်းစမ်တို့ အမြင်မကြည်တာတွေ ပျောက်ကုန်သည်။ ချီရွှင်းကို စသတိထားမိတုန်းက ဒီလူက တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့ အဖက်မတန်သလိုဆက်ဆံတတ်တဲ့ အေးတိအေးစက်လူသားလို့ ထင်ခဲ့တာ။

အခုတော့လည်း လုံးဝဥဿုံပြီးပြည့်စုံလုနီးပါး ရည်းစားလေးဖြစ်နေမှန်း သိလိုက်ရပြီ။ သူများအပေါ် စာနာတတ်တယ်။ တိကျပြတ်သားတယ်။ ဇီဇာမကြောင်ဘူး။ ဟိုကိစ္စကျရင်တော့ ချီရွှင်းက လုပ်နေကျမဟုတ်လို့နေပါလိမ့်မယ်။ ကိစ္စမရှိဘူး။ သူက ပိုကြိုးစားရင်ရတာပဲ။

“ဘာတွေစဥ်းစားနေတာလဲ။”

ချီရွှင်း စားလက်စတူကိုချပြီး ချန်ယွမ်းစမ်ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။ ချီရွှင်းရဲ့ မျက်လုံးတွေ နက်မှောင်နေပုံများ သူ့အစာသားကောင်ကို ညှို့ယူဖမ်းစားနေသလိုပဲ။ ချီရွှင်းအဲ့လိုစိုက်ကြည့်ရင် အရမ်းသဘောကျတာပဲ။ နေရာကျဥ်းကျဥ်းလေးမှာ ပိတ်မိနေပြီး ဘယ်မှမသွားနိုင်အောင် ခြေချုပ်မိနေသလို ခံစားချက်မျိုးနဲ့။ ချီရွှင်းကို အကြိုက်ရဆုံးအချက်ကလည်း အဲ့ဒါပဲ။ အဲ့လိုညှို့အားပြင်းတဲ့မျက်လုံးတွေ နဲ့ကြည့်လိုက်ပြီဆို သူ့ဟာချက်ချင်းထောင်လာတော့တာ။

လမ်းခွဲပြီးနောက် မြွေလူသားငါ့ချစ်သူက ငါ့ကိုအကျဥ်းချထားတယ်(ဘာသာပြန်)Where stories live. Discover now