Ch4 (U+Z)

2.2K 45 0
                                    

UNICODE

သူဖျားနေပြီ


ချန်ယွမ်းစမ်မှတ်မိပါသေးသည်။ သူနဲ့ ချီရွှင်း ပထမဆုံးစတွေ့တဲ့ စစ်ရေးလေ့ကျင့်တဲ့အချိန်ကို။ တက်ရတဲ့အကယ်ဒမီက အတူတူပဲ။ ဒါပေမယ့် တပ်စုမတူဘူး။ ဖြစ်ချင်တော့ လေ့ကျင့်ရေးဆင်းရတဲ့နေရာတွေက ကပ်ရပ်ဖြစ်နေသည်။

အဲ့တုန်းက နေအရမ်းပူလွန်းတယ်။ ခေါင်းပေါ်မှာ ဘာတိမ်မှမရှိဘူး။ နေပြင်းလွန်းလို့ မျက်စိတွေပါကျိန်းစပ်ပြီး နဖူးဆို ခြစ်ခြစ်တောက်ပဲ။ လက်ထဲက ရေခဲရေဘူးလေးကြောင့်သာ တော်တော့သည်။

ချန်ယွမ်းစမ် ချီရွှင်းအကြောင်း ကောင်မလေးတွေပြောနေတာ နားစွန်နားဖျားကြားလိုက်ရသည်။ ကောင်မလေးတစ်ယောက်ဖွင့်ပြောတာကို သူမကြိုက်လို့ ငြင်းလွှတ်လိုက်တယ်တဲ့။ တစ်ဖက်ကတပ်ရင်းကို သူလှမ်းကြည့်လိုက်မိသည်။

စစ်ရေးလေ့ကျင့်တာ လေးရက်ပြီးတော့ လူတွေလည်း နေလောင်ကုန်ပြီ။ တစ်ချက်ကြည့်လိုက်တာနဲ့ ချီရွှင်းတစ်ယောက်တည်းရဲ့ အသားအရေကသာ ဖွေးနေခဲ့သည်။ သူများတွေမနာလိုလောက်တဲ့ အသားအရည်မျိုးနဲ့ မျက်နှာပေါ်မှာ ဘာနေလောင်ရာမှမမြင်ရဘူး။ အမှတ်ကောင်းတွေလည်းရထားတော့ မထုံတတ်တေးပုံစံမျိုးနဲ့။ အားလုံးကြားထဲ သူပဲထင်းနေတာ။

မိန်းကလေးတွေကို စိတ်မဝင်စားတဲ့သူလို့ မိန်းကလေးတွေက သမုတ်ကြတယ်။ သူ ဘာစိတ်ဝင်စားလဲသိတဲ့ ယောက်ျားတချို့တောင် သူ့ကိုချဥ်းကပ်ပြီး ဖျားယောင်းသေးတယ်။

အဲ့အချိန်မှာ ချန်ယွမ်းစမ် ခွင့်သုံးလယူထားတော့ ချီရွှင်းကို မြင်မြင်ချင်းမှာပဲ ကြွေသွားတယ်။ ချီရွှင်းကို ရအောင်ဖမ်းစားပြမယ်လို့ မိန်းကလေးတွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။

ယွမ်းစမ်က ခြေမြန်လက်မြန်လုပ်တတ်တဲ့လူစားမျိုး။ ပြောပြီးတာနဲ့ တစ်ဖက်တပ်စုဘက်ကို ထွက်သွားသည်။

ရလဒ်ကတော့ သူဘာမှမပြောရသေးခင် ချီရွှင်းရဲ့မျက်နှာက ဆူပုပ်နေကာ ချက်ချင်းလှည့်ထွက်သွားသည်။ ချန်ယွမ်းစမ် သူ့လမ်းကို ပိတ်ထားလိုက်တော့ “ဖယ်စမ်း” လို့ပြောလာသည်။

လမ်းခွဲပြီးနောက် မြွေလူသားငါ့ချစ်သူက ငါ့ကိုအကျဥ်းချထားတယ်(ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang