1

650 28 6
                                    

ကာကွယ်ပေးရမယ့်တစ်စုံတစ်ယောက်။ သူကာကွယ်စရာမလိုအောင်ကို သန်မာနေနှင့်ပြီးသားလူ။ ဒါတောင် သူက ဘာကိုကာကွယ်ဖို့ကြိုးစားနေခဲ့ရတာလဲ။

မေ့လျော့သွားခဲ့တယ်။ သတိရှိလွန်းတဲ့ သူကမေ့လျော့သွားခဲ့တယ်။

တခြားလူကို အသည်းအသန်ကာကွယ်နေရာက သူ့နှလုံးသားလေးကို ကာကွယ်ထားဖို့ ဟီဆွန်းမေ့လျော့သွားခဲ့တယ်။

~ ♡ ~

"ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမိသားစုဝင် ရှင်းမ်အိမ်တော်မှ သခင်ကြီးရှင်းမ်နှင့် သခင်မကြီးရှင်းမ်တို့ လုပ်ကြံခံရ..."

နှုတ်ခမ်းအစွန်းလေးဟာ မချိုပြုံးနှင့် ကွေးညွှန့်နေသည်။ အသက်ရှုသံတွေ ပြင်းနေသည့်တိုင် အခန်းထဲမှာ တစ်ယောက်တည်းဖြစ်သည့်အတွက် မည်သူမျှမကြားရ။ ဝိုင်းစက်နေတဲ့ မျက်ဆံမည်းမည်းလေးမှာ ပင်လယ်လို ကျယ်ပြောနေတဲ့ မာယာတစ်ချို့က ကိန်းအောင်းလျက်။

သေချာကြည့်လျှင်တော့ ထိုမျက်အိမ်ငယ်အတွင်းမှာ မိုးရေမဟုတ်သော မိုးရေလေးများ စိုနေကြောင်း တွေ့ရပါ့လိမ့်မယ်။

'ဒေါက်ဒေါက်'

Tv ကို ပိတ်လိုက်ပြီးနောက် တံခါးဆီကို ပုံမှန်လျှောက်လှမ်းလိုက်သော်ငြား ခြေတံရှည်တို့ကြောင့် အနည်းငယ်သာ လှမ်းခဲ့ရသည်။ တံခါးကို လက်ဗွေနှင့် ဖွင့်ပေးလိုက်ပြီးမှ ပြောင်းလဲသွားသည့် သူ၏မျက်နှာတွင် မည်သည့်အရိပ်အယောင်မျှ ရှိမနေတော့။

ဝမ်းနည်းနေသလား၊ ပျော်ရွှင်နေသလား။ ဘာမှ ခန့်မှန်းမရအောင် ပိတ်လှောင်လိုက်တဲ့ တည်တံ့နေတဲ့ အယောင်ဆောင်မျက်နှာ။

"သခင်လေး..."

"စစ်ဆေးဖို့ ငါမပေးလိုက်နိုင်ဘူးလို့ ပြောခဲ့ပြီးပြီလေ"

ပုံမှန်ပြောနေသည့်အသံဆိုသော်ငြားလည်း ခေါင်းငုံ့ထားရသည့်ကောင်မလေးမှာ ဖိနှိပ်ခံနေရသလို အခြေအနေ။

"ရဲတွေမဟုတ်ဘူး၊ သခင်လေးကို တွေ့ချင်တဲ့လူ..."

ရဲတွေမဟုတ်ဘူး။ ဒါဆို စုံထောက်လား၊ ရှေ့နေလား။ ရှင်းမ်ဂျယ်ယွန်းကို အဆုံးထိဆွဲချကြမယ့်လူတွေလား။ ဒါမှမဟုတ် အခုပုံစံကို လာလှောင်ပြောင်ကြသူတွေလား။

MY LITTLE SIM [ HEEJAKE ] Where stories live. Discover now