သူတစ်ယောက်တည်း၊ သူတစ်ယောက်တည်းကပဲ ဘာမှသိမနေတာ။
အဲဗန်က လီသခင်လေးဆိုလျှင်...။
ထပ်ပြီး စုံထောက်တစ်ယောက်တဲ့။ဒါဆို အဲဗန် သူ့ဆီချဉ်းကပ်ခဲ့တာက အမှုကိစ္စကြောင့်ပေါ့။ အမှုကိုလိုက်ချင်လို့ သက်သက်သူ့ကိုအသုံးချခဲ့တာ။ ဂျယ်ယွန်းတစ်ယောက်တည်းနေချင်တယ်လို့ ပြောခဲ့တုန်းက လွယ်လွယ်လက်ခံလို့ အံ့ဩနေမိတာ။
ရှင်းမ်ဂျယ်ယွန်းက ဓားစာခံ သက်သက်ပဲ။
ဂျီဆောင်းကရော သိနေခဲ့တာလား။ အဲဒီလူသတ်တယ်ဆိုတာကို သိနေခဲ့တာလား။ ဒါမှမဟုတ်...။
"ဘာလုပ်တာလဲ ဂျီဆောင်း၊ အဖေက မင်းအတွက် လုပ်ပေးမှာလေ၊ သူသေသွားရင် မင်းက.."
"ကျွန်တော်ဘယ်တုန်းကမှ အဖေလို့မသတ်မှတ်ခဲ့ဖူးဘူး၊ နားလည်လား! တစ်ယောက်တည်း ကျန်ခဲ့တဲ့အစ်ကိုကို ဘာလုပ်မှာလဲလို့ ရူးနေလား"
အော်ဟစ်ပြောဆိုနေသံတွေ။ ဝန်ထမ်းတွေဟာ ကြားရလောက်ပေမယ့် အခန်းနားကပ်ကြမည်မဟုတ်။
"တစ်လျှောက်လုံး မင်းအတွက်လုပ်ပေးခဲ့တာတောင်မှ..."
"တစ်လျှောက်လုံးတဲ့လား၊ အမေ့ကို ကိုယ်ဝန်ကြီးနဲ့ပစ်သွားတဲ့သူကတဲ့လေ၊ ရှင်းမ်သခင်ကြီးကသာ ခေါ်မထားခဲ့ရင် အမေဘာဖြစ်နေမလဲ၊ ကျွန်တော်ဘာဖြစ်နေမလဲ"
"ဒါပေမယ့် အခု...၊ အခုသူ့ကိုသတ်လိုက်ရုံပဲလေ၊ သူသေရင် သားအေးအေးဆေးဆေးနေလို့ရပြီ"
နှစ်ယောက်စကားများနေသည့်အချိန်မှာ ဟီဆွန်းနှင့် ဂျယ်ယွန်းက ပွဲကြည့်ပရိတ်သတ်သက်သက်။
ပျာယာခတ်နေသည့် ဦးလေးကြီးက ဂျယ်ယွန်းအား သေနတ်နှင့်ချိန်ထားဆဲ ဖြစ်သလို ဟီဆွန်းကလည်း ထိုလူအား သေနတ်နှင့်ချိန်ထားဆဲပင်။
ဂျီဆောင်း၏ တောင်းပန်မှု မပီသသည့် တောင်းပန်မှုလေးများ မရှိလျှင် ထိုလူ့လက်ထဲက ကျည်ဆံဟာ ဂျယ်ယွန်းအတွက် ဖြစ်နေလောက်မည်လော။
"ကျေးဇူးပြုပြီး အဖမ်းခံလိုက်ပါ၊ အစ်ကို့ကိုထိရင် ကျွန်တော်ပါ လိုက်သေမှာနော်"