ညက အိပ်မက်မလှဘူး။ အဖေနဲ့ အမေ့ကို နှင်းဆီပန်းခင်းထဲမှာတွေ့ခဲ့တယ်။ အနီရောင်တွေကို ဂျယ်ယွန်းသိပ်မုန်းတာ သိလျက်နဲ့ ဘာလို့ နှင်းဆီခင်းထဲရပ်နေကြတာလဲ။"ကျွန်တော်ကိုယ်တိုင် ရာဇဝတ်ကောင်ကို ပြန်သတ်ပေးမှာမလို့ ခဏလေးပဲ စောင့်ပေးပါလားဟင်"
အတူယှဥ်တွဲထားတဲ့ အခေါင်းနှစ်ခုရှေ့တွင် ရပ်နေသော ဂျယ်ယွန်းက မျက်ရည်မကျခဲ့။ ဖခင်ရဲ့ ရင်ဘတ်က ဓားရာ၊ မိခင်ရဲ့ ဒုတိယမြောက် သားငယ်ကို လွယ်ထားတဲ့ ဝမ်းဗိုက်က ဓားရာတွေကို တွေ့တာတောင်မှ မျက်ရည်မကျတဲ့ ရှင်းမ်ဂျယ်ယွန်းကို လူတွေပြောနေကြတာကတော့ လူသတ်တရားခံတဲ့။
အမွေဆက်ခံသူ နှစ်ယောက်ဖြစ်လာတော့မှာမလို့ ညီလေးမမွေးခင် သတ်ပစ်လိုက်တယ်လို့ပြောကြတယ်။ လူတွေပြောနေကြတဲ့ ပုံပြင်လေးက သိပ်လှတော့ ဂျယ်ယွန်းတောင်အော်ရယ်မိတော့မလို။
"ကျွန်တော်သာသတ်ချင်ရင် အဖေ့တရားမဝင်သားက အရင်သေရမှာမဟုတ်ဘူးမလား"
"ဒါဆို ဘာလို့မသတ်လိုက်တာလဲ!"
ထိုအသံကို ဂျယ်ယွန်းမမှတ်မိလိုသော်ငြား ရင်းနှီးနေသည့်အသံတစ်ခုလို လူတစ်ယောက်ဟာ ပုံပေါ်လာသည်။ တံခါးမခေါက်သည့်အပြင် သူများမိဘရဲ့အလောင်းထားတဲ့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာကြောင့် ဂျယ်ယွန်းဒေါသတို့ ဆောင့်တက်သွားရချေပြီ။
"မင်း အခုချက်ချင်း အပြင်ထွက် အဲဗန်"
"မင်းအဖေက မင်းရှိတဲ့နေရာတိုင်း ကိုယ်ရှိရမယ်ပြောထားခဲ့တယ်၊ မကျေနပ်ရင် တမလွန်ကိုလိုက်ပြီး သွားပြောလေ"
စကားအဆုံးမှာ ဂျယ်ယွန်းလက်ချောင်းတွေဟာ ကွေးသွားပြီး လက်သီးဆုပ်တစ်ခုဖြစ်လာသည်။ အရှိန်နှင့်ထိုးလိုက်သည့် လက်က ရည်ရွယ်ရာ မျက်နှာထံမရောက်ခင် အတားခံလိုက်ရတယ်။
"မင်းက သခင်လေးတစ်ယောက်ဖြစ်နေလည်း ငါသောက်ဂရုမစိုက်ဘူး၊ ငါ့အလုပ်ငါလုပ်နေတာမလို့ ငါ့အသားကို နောက်တစ်ခါ နာကျင်အောင်လုပ်မယ်ကြံရင် သက်ညှာပေးမယ်မထင်နဲ့"