3

187 15 0
                                    


ရှင်းမ်မျိုးရိုးမှာက ရှင်းမ်ဂျယ်ယွန်းတစ်ယောက်ပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် တရားမဝင် သားတစ်ယောက်ရှိတယ်တဲ့။ မယားငယ်လို့ဆိုရအောင်လည်း လက်ထပ်မထားပေမယ့် သားတစ်ယောက်တော့ မွေးလာသည်။

ရှင်းမ်သခင်ကြီးက ထိုသားအမိကို အပြည့်အဝစောင့်ရှောက်ပေးပေမယ့် ရှင်းမ်မျိူးရိုးတော့ အတပ်မခံ။

"ဆေးစစ်ချက်က မနက်ဖြန်ထွက်မှာ"

"မင်းတို့ရဲတွေ မြန်မြန်လုပ်ပေးလို့မရဘူးလား"

"ဟ! ဆေးပညာက ငါတို့နဲ့မှမဆိုင်တာ မကျေနပ်ရင် ဆရာဝန်တွေကိုသွားပြော"

ဂန်ထယ်ရယ်က သူ၏မလျှော်ရသေးသော အင်္ကျီအား ပစ်လိုက်တာကြောင့် ကန်ချလိုက်သည်။

"အိမ်ပြန်မယ် စိတ်ကူးမထားတော့ဘူးလား"

ထယ်ရယ်၏အိမ်တွင် ကပ်နေတာ တစ်နှစ်လောက်ကြာပြီဖြစ်သော ဟီဆွန်းသည် အလုပ်မရှိအကိုင်မရှိ အလေအလွင့်အတိုင်း။ အိမ်ပေါ်ကနေဆင်းလာတယ်ဆိုပြီး ခပ်တည်တည်နဲ့ မိမိအိမ်ပေါ်တက်နေတာတောင် ဘာမှပြောပိုင်ခွင့်မရှိတဲ့ ထယ်ရယ်မှာလည်း ဝဋ်ကြွေးပါလာခဲ့သည်ထင်ပါရဲ့။

အခုလည်း ချက်ချင်းကြီး ရှင်းမ်အိမ်တော်ပေါ် တက်နေသည်။ တော်လွန်းပါသည်ဆိုတဲ့ တစ်မိုးအောက် ရှင်းမ်ဂျယ်ယွန်းက ဒီကောင့်ကိုတော့ ဘာမှမပြောနိုင်ပုံဆိုပြီး ထယ်ရယ်တွေးလိုက်မိသည်။

"မပြန်ချင်သေးဘူး"

"ဒါနဲ့ ရှင်းမ်အိမ်တော်ဒီလောက် ရှုပ်ထွေးနေတာ၊ လီအိမ်တော်က ဘာလို့ငြိမ်နေတာလဲ"

ရှင်းမ်သခင်ကြီးနှင့် သခင်မကြီးတို့သေတာပင် လေးရက်ရှိပြီ။ သူငယ်ချင်းအရင်းကြီးဖြစ်သော လီသခင်ကြီးက လူလုံးထွက်မပြသလို ငြိမ်နေခဲ့သည်။ ဒါဟာမူမမှန်သော်လည်း လူသတ်မှုဖြစ်နေတာကြောင့် ဝင်မပါသည်ဟုသာ ပြောဆိုနေကြသည်။

"ရှင်းမ်ဂျယ်ယွန်းဆီပြန်တော့မယ်"

"ရှင်းမ်ဂျယ်ယွန်း...အာ ရှင်းမ်သခင်လေးကိုပြောတာပဲ၊ သူစိမ်းဆန်ဆန်တွေ ခေါ်နေပါလား"

"သူစိမ်းတွေပဲလေ"

အောက်ကျနေသည့် အင်္ကျီကို ပြန်ကောက်ကာ ထယ်ရယ်ခေါင်းပေါ်စွတ်ပေးခဲ့တော့ အော်ဆဲသံများဟာ ပလုံစီလို့။ ဟီဆွန်းကတော​့ လစ်လျူရှုရင်း ထွက်လာခဲ့သည်။

MY LITTLE SIM [ HEEJAKE ] Where stories live. Discover now