1501-------1510

129 2 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1501:
        ဂူနို ကျေးရွာ

လူငယ်လေးရဲ့ မျက်၀န်းတွေက ထက်မြိနေပါတယ်။ ရက်စက် ကြမ်းကြုတ်နေပါတယ်။ အမဲလိုက် မုဆိုး တစ်ယောက်လို လွှမ်းမိုးနိုင်စွမ်းတဲ့ အော်ရာကို ပေးစွမ်းပါတယ်။

သူ့ပုံပန်းကို ကြည့်လိုက်ရုံနဲ့တင် လနတ်ဘုရား အဖွဲ့အစည်း ခေါင်းဆောင် သုံးယောက်တို့တွေ တုန်လှုပ်သွားပါတယ်။ လူငယ်ရဲ့ အကြည့်တစ်ချက်မှာ သူတို့ကိုယ်ပေါ် ဘာလျို့ဝှက်ချက်မှ မကျန်အောင် ဖောက်မြင်သွား သလို ခံစားလိုက် ရလို့ပါ။

“ဝါမီ.. ဝါမီ.. ”
အရိုင်းမျိုးနွယ်တွေ တစ်ညီတည်း အော်ဟစ်ပါတယ်။ သူတို့ဆီမှာ လေးစားစိတ် အပြည့် မြင်တွေ့ ရပါတယ်။

လနတ်ဘုရား အဖွဲ့အစည်းက ဘယ်သူမှ အဲဒီ စကားလုံး အဓိပ္ပါယ်ကို မသိပါဘူး။ သို့ပေမယ့် သူတို့တွေရဲ့ မြင့်မြတ်သူကို လေးစားကြောင်း ပြသတဲ့ သဘောမှန်း နားလည်နေပါတယ်။

လူငယ်လေးက ငြင်သာစွာ ပြုံးပါတယ်။ ဒီလို ဆက်ဆံ ခံရတာနဲ့ ပတ်သက်လို့ အလေ့အကျင့် ဖြစ်ပြီး နေပုံပါ။ သူ လက်နှစ်ဖက်ကို လေထဲ ဝှေ့ရမ်းလိုက်ပါတယ်။

အရိုင်းကျင့်ကြံသူတွေ အကုန် ကျယ်လောင်စွာ အော်ဟစ်လို့ ကခုန်ကြပါပြီ။ တစ်ချို့တွေက လေချွန်သံ ကျယ်ကြီးတွေပေးလို့.. တစ်ချို့ကျ ခြေကို ဆောင့်နင်းလို့.. တစ်ချို့ကျ လက်ခုပ်သံကျယ်ကြီးနဲ့.. တစ်ချို့တွေက ထူးဆန်းတဲ့ အပြုအမူတွေ လုပ်ပြပါတယ်။

စိတ်မိုက် အရိုင်းမျိုးနွယ်က အမြင်နဲ့တင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေလဲ သိသာလှသည် မဟုတ်လား။ ဒီအပြုအမူက လနတ်ဘုရား အဖွဲ့ဝင် တပည့်တွေရဲ့ နှလုံးသားကိုပါ ရောင်ပြန်ဟပ် စေခဲ့ပါပြီ။

သူတို့တွေကို အရိုင်းအစိုင်း တစ်စုက ထွက်ပေါက် မရှိအောင်လည်း ဝိုင်းထားသေး။ အသဲငယ်အောင်လည်း ခြောက်နေပါတယ်။ ဒါက သူတို့တွေ အဖို့ရာ မကြာခင် သေတာထက်တောင် ဆိုးရွားတာတွေ ဖြစ်လာတော့မယ့် အကြောင်း ပြနေသလိုပါ။

အမျိုးသမီး တပည့်ငယ်လေးတွေ အတော်များများက အဖမ်းခံ ရတာနဲ့ ချက်ချင်း သတ်သေဖို့ စိတ်ပိုင်းဖြတ် ထားခဲ့တာပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now