လောကသုံးပါးသခင်
…………………………
Chapter 1551:
အဆင့်တက်နိုင်မယ့် နည်းလမ်းဧည့်သည် တစ်ယောက်ချင်းစီတိုင်းက အင်ပါရီယန် ဖြစ်နေရင်တောင် သူတို့တွေက ‘အကျိုးအမြတ်’ ဆိုတဲ့ စကားလုံးကို ခံနိုင်ရည် မရှိပါဘူး။ လှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။
မိုးပြာကျောက်မျက် မြို့တော် သခင်ငယ်က ထူးဆန်းသည် မဟုတ်လား။ ဒါကြောင့် သူတို့ စိတ်လှုပ်ရှားလာတာပါ။
“လူကြီးမင်းတို့.. ကျုပ်မှာ မန္တန်တစ်ခု ရှိတယ်။ အဲဒါကို အားလပ်ချိန်တိုင်း လေ့လာရင် အကျိုးထူး ပါလိမ့်မယ် ”
ဂျန်ချန် တစ်ယောက် သူကိုယ်တိုင် သိုးသားရေပေါ် ရေးထားတဲ့ စာလိပ် တစ်ခုကို လက်ဆင့်ကမ်း ပေးပါတယ်။ အတွင်းမှာ စုစုပေါင်း စာလုံးရေ တစ်ရာလောက်သာ ပါပါတယ်။သူ ရွှယ်တောင်ကို ပေးပြီး ကြိုးကြာအိုကြီးဆီ ကမ်းစေပါတယ်။ သူက အင်ပါရီယန်တွေထဲ အမြင့်ဆုံးရောက် ပုဂ္ဂိုလ် မဟုတ်လား။
ဂျန်ချန် အခုလောက် အလိုက်သိတာကြောင့် အကြီးအကဲ ကျေနပ် သွားပါတယ်။ သူ မှော်အဆောင် ရတနာ တစ်ခုကို ရွှယ်တောင်လက်ထဲ ပြန်ပေးပါတယ်။
“ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး။ ဒီမှော်ရတနာက အင်ပါရီယန် အဆင့် အကာအကွယ် ရတနာပါ။ ကျုပ်တို့ကို အိမ်ရှင်အဖြစ် တည်ခင်း ဧည့်ခံခဲ့တာကြောင့် ကျေးဇူးတင်တဲ့ အနေနဲ့ ပေးတဲ့ နိမ့်ကျတဲ့ လက်ဆောင်မို့ လက်ခံစေချင်တယ် ”
ရွှယ်တောင်က ဧည့်သည်တွေကို ကြီးကြပ်ဖြည့်ဆည်း ပေးရပါတယ်။ တာဝန်ကျေရမယ် မဟုတ်လား။ ဒါကို အသိအမှတ် ပြုသည်မို့ သူက အကြီးအကဲကို သဘောကျ ကျေနပ် နှစ်သက်မိပါတယ်။
ရွှယ်တောင် တစ်ယောက် လက်သင့်ခံလိုက်ရမလား.. လက်သင့် မခံရဘူးလား စဉ်းစားနေချိန် ဂျန်ချန် ရီမောလာပါတယ်။
“ရွှယ်တောင်.. အကြီးအကဲရဲ့ စေတနာက သန့်စင်တယ်။ လက်ခံလိုက်ပါ ”
ဒီတော့မှ ရွှယ်တောင်လည်း လက်သင့်ခံယူရဲပါတယ်..
“ကျေးဇူး အများကြီး တင်ပါတယ်.. စီနီယာ ”“ဟား.. ဟား.. ဟား.. ဟား.. ”
ကြိုးကြာငိုက ဟက်ဟက်ပက်ပက် ရီမောပါတယ်..
“ဒီက လူတွေက သိပ်ကျိုးနွံပြီး ဧည့်၀တ် ကျေပြွန်လွန်းတယ်။ ရိုးသားလွန်းတယ်ဟေ့။ အကြီးအကဲ တစ်ယောက် အနေနဲ့ ဂျူနီယာတွေကို လက်ဆောင်ပေးတာ မဆန်းပါဘူးဟ ”
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1550.....