1566-------1570

47 3 0
                                    

လောကသုံးပါးသခင်
…………………………
Chapter 1566:
        ရွေးချယ်ပွဲ အခွင့်အရေး

“ဘယ်လို အခွင့်အရေးမျိုးလဲ။ အဲဒီကြောင်း ပြောပြပါလား ”
ဂျန်ချန်က ဆရာရှောင်ကို တဖြည်းဖြည်း သဘောကျ လာရပါပြီ။ ဘာမှ သိပ်ပြီး ထိန်ချန်ထားတာ မရှိဘူးလေ။

“ရွေးချယ်ပွဲ တစ်ခုကို ရက်အနည်းငယ်ကြာရင် ကျင်းပလိမ့်မယ်။ ဒါကို မြို့သခင် ကိုယ်တိုင် ဦးဆောင် ကျင်းပမှာ ”

“အိုး.. ဒါက ဘာအတွက်လဲ ”
ဂျန်ချန် စိတ်၀င်စား လာရပါပြီ။

“ရွက်ပုန်းသီး ပညာရှင်တွေနဲ့ ပါရမီရှင်တွေကို စစ်ထုတ်မလို့တဲ့။ ဆောင်းခြယ်မှာ ရှိတဲ့ အင်အားစုကြီး သုံးခုက ဒီရက်ပိုင်း အင်အားချဲ့ထွင် လာတယ်။ ဒါပေမယ့် အရည်အချင်း ပြည့်၀တဲ့ လူတွေ သိပ်မရှိဘူး။ မြို့သခင်က သူ့ လက်ရှိ အင်အားကို ချဲ့ထွင်ပြီး အာဏာစက်ကို ချဲ့ချင်နေပြီ။ လူအင်အားလိုတယ်။ ဒါကြောင့် ရွေးချယ်ပွဲက သရုပ်ပြရုံ သက်သက် မဟုတ်ဘူး။ သိပ်ကို ခမ်းနား ကြီးကျယ်လိမ့်မယ်။ မြို့သခင်ကိုယ်တိုင် အလေးအနက်ထား ဦးဆောင်တာပဲ ကြည့်တော့ ”

“ရွေးချယ်ခံ လိုက်ရရင် ဘာတွေ ခံစားခွင့် ရှိမှာလဲ ”

“အများကြီးပေါ့။ မင်းကို မြို့သခင်က သဘောကျရင် သူ့ လက်ရုံးတစ်ဆူ ဖြစ်လာမယ်။ ကျွန်းပေါ်မှာ မြို့သခင်က ဘယ်လောက် ပေါက်မြောက်လိုက် သလဲလို့။ အုပ်ချုပ်သူတွေ ပြီးရင် သူက ဒုတိယလိုက်တယ်။ ဒီတစ်ခုတည်းနဲ့တင် အကျိုးအမြတ်ကို တွက်ချက်ကြည့်လို့ ရပြီ ”

ဂျန်ချန် စဉ်းစားခန်း ၀င်သွားပါတယ်။ မဆိုးလှပါဘူး။ ရွေးချယ်ခံ ပြိုင်ပွဲ၀င်တွေက အထက်တန်းလွှာ တွေနဲ့ ချိတ်ဆက်မိ ပါလိမ့်မယ်။ ဒါက သူ လိုအပ်တဲ့ အရာပါပဲ။ ကျွန်းကနေ ထွက်ခွာချင်ရင် သူ လျို့ဝှက်ချက်တွေ အတော်များများကို သိထားနိုင်မှ ဖြစ်ပါလိမ့်မယ်။ အသိပညာက အောင်မြင်ရေး သော့ချက် မဟုတ်လား။

“၀င်ပြိုင်ဖို့ လိုအပ်ချက် တစ်ခုခု ရှိလား ”
ဂျန်ချန် တကယ် စိတ်၀င်တစား ဖြစ်နေပြီလေ။

“မရှိဘူး။ အဲ.. အာမခံချက် အနေနဲ့ အင်အားစုကြီးတွေထဲ ၀င်ထားနိုင်ဖို့ လိုမယ်။ မင်းကို အာမခံသူ တစ်ယောက် ရှိရမယ်။ မဟုတ်ရင် စာရင်းသွင်းခွင့်ပေးဖို့ မသေချာဘူး ”

You've reached the end of published parts.

⏰ Last updated: Aug 04 ⏰

Add this story to your Library to get notified about new parts!

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now