လောကသုံးပါးသခင်
…………………………
Chapter 1561:
ဖခင်ကို ကယ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းခြင်း“ယာယီ နေထိုင်ခွင့် တံဆိပ်တစ်ခု လိုချင်တယ် ”
ဂျန်ချန် စဉ်းစားတောင် မနေဘဲ ချက်ချင်း ဖြေပါတယ်။ကျန်တဲ့ အမျိုးအစားတွေက တကယ် ကောင်းပါတယ်။ သူလည်း ကြေးကို ပေးချေနိုင်ပါရဲ့လေ။ ဒါပေမယ့် ကြေးတံဆိပ် တစ်ခုကတင် ဆယ်နှစ်တဲ့လား။ အချိန် ကြာလွန်းပါတယ်။ သူ ဒီလောက် အကြာကြီး မနေနိုင်။
သုံးနှစ်ဆိုရင်ကို လွန်လွန်းလှပြီလေ။ ဆယ်နှစ်ကတော့ ပြောနေစရာတောင် မလိုပါဘူး။ သူ့ အဖို့ရာ တစ်ခုတည်းသော ပန်းတိုင်က ဆောင်းခြယ်ကျွန်းကနေ ထွက်ခွာဖို့ပါ။
တစ်လကနေ သုံးလအတွင်း ဆိုရင် လုံလောက်ပါပြီ။ မတတ်သာတဲ့ အဆုံးကျရင်လည်း တစ်မျိုး ထပ်ကြံရမှာပေါ့။ ဘယ်လိုပဲ ဖြစ်စေ သူ အချိန်တို အတွင်း ဒီနေရာကနေ ထွက်ခွာနိုင်ရပါမယ်။
ခေါင်းဆောင်ရဲ့ မျက်၀န်းတွေက ငြိမ်သက်ကျ သွားပါတယ်။ သူ စောဒက မတက်ပါဘူး။ ယာယီ တံဆိပ်ပြားတဲ့လား။ ဒီကောင်လေး သိပ်ကပ်စေးနှဲလွန်းတယ်။
ဘယ်လိုပဲ ဖြစ်စေ ဂျန်ချန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်း ကြီးမားတဲ့ အော်ရာက သူ့ကို လွှမ်းမိုးထားနိုင်ပါတယ်။
“ကောင်းကင် စိတ်ဝိညာဉ် ကျောက်တုံး တစ်ထောင် ကျပါမယ် ”
ငွေကို ယူပြီးတာနဲ့ သူ တံဆိပ်ပြား တစ်ခု ထုတ်ပေးလေရဲ့..
“ဒီမှာပါ။ တံဆိပ်ကို ပျောက်မသွား စေချင်ဘူး။ မဟုတ်ရင် မြို့ထဲ ပြဿနာ အကြီးအကျယ် တက်သွားနိုင်တယ် ”ဂျန်ချန် တစ်ယောက် တံဆိပ်ကို ကိုင်လိုက်တဲ့ ခဏမှာပဲ ပျောက်ကွယ် သွားခဲ့ပါပြီ။
အလင်းတန်း တစ်စ ဖျတ်ခနဲ လက်သွားတာကို မြင်ပြီးတဲ့ အခိုက် ခေါင်းဆောင် စိတ်သက်သာရာ ရသွားပါတယ်။
“ခေါင်းဆောင်ရွှီ.. ကောင်လေးက ငွေရှားပုံလည်း မပေါက်ဘဲနဲ့။ ကျုပ်စိတ်ထဲ မရိုးမရွ ဖြစ်နေတယ် ”
“ငါလည်း သတိထားမိတယ်။ ဒီကောင်လေးက ယာယီ တံဆိပ်လေးကိုပဲ ၀ယ်သွားတာ ဘယ်လို သဘောကြီးလဲ။ ခေါင်းဆောင်.. ကျုပ်တို့တွေ ပါးနပ်ရင် သူက ငွေတွင်းကြီးနော် ”
အစောင့်တွေက ဂုဏ်သိက္ခာ မရှိပါဘူး။ သူတို့အဆင့်အတန်းနဲ့ မြို့တွင်း လာတဲ့ ခရီးသည်တွေဆီကနေ ဘယ်နှစ်ကြိမ် ငွေညှစ်ဖူးလဲ မပြောတတ်အောင်ပါ။
YOU ARE READING
လောကသုံးပါးသခင် ေလာကသုံးပါးသခင္
ActionUni& Zawgyi အပိုင်း 1 မှ 440 + PDF files link (1 to 1500) အပိုင်း 1501 မှ 1550.....