1531------1535

27 2 0
                                    

လောကသုံးပါးသခင်
………………………….......
Chapter 1531:
        ရန်လိုသော ရွေးချယ်မှု

လူအိုကြီးက သူ့အခြေအနေကို သိပါတယ်။ လတ်တလောမှာ ဒေါသကို ထိန်းချုပ်ရုံကလွဲလို့ သူ ဘာမှ မတတ်နိုင်ပါဘူး။ ထားတော့။

“ဒီကနေ့ မင်း ရိုင်းပျတာကို ငါ သည်းခံလိုက်မယ် ကောင်လေး။ အခုက မင်းအိမ်မှာမို့ ကံကောင်းသွားတယ်။ တစ်နေ့ကျ ငါ့လက်ထဲ ရောက်မလာစေနဲ့ ”
သူ နောက်ဆုံးအကြိမ် မျက်နှာရအောင် ယူပါတယ်။

“အဟွန်း.. ရှု၀မ်ချင်းလည်း ဒီအတိုင်း ပြောခဲ့တာပဲ။ အဆုံးကျ လေနဲ့တိမ် အင်အားစုကို ပူးပေါင်းသွားတယ်။ ခင်ဗျားရော။ သူ့ကို အတုခိုးချင် နေပြီနဲ့တူတယ်။ ဘယ်သူ့ကို သွားပူးပေါင်းမှာ ပါလိမ့်မယ်။ စိတ်မိုက် အရိုင်းမျိုးနွယ်ကိုများလား။ ဒါလည်း မဆိုးပါဘူး။ ခင်ဗျား ကျင့်ကြံဆင့်နဲ့ဆိုရင် အရိုင်းမျိုးနွယ်က အရိုးလောက်တော့ ကျွေးမှာပေါ့ ”
ဂျန်ချန် တစ်ယောက် ဇာတ်မြှုတ်နေတဲ့ အင်ပါရီယန်တွေကို တကယ် စိတ်ပျက်နေပါပြီ။ သူတို့တွေ ပုန်းနေရတာ ကြာလွန်းတော့ ဦးနှောက် မှိုတက် ကုန်ပြီနဲ့တူပါ့။

အဲဒီချိန် လူအိုကြီးခမြာ ဒေါသထွက်လွန်းလို့ သွေးပွက်ပွက် အန်ထွက်လု မတတ် ဖြစ်နေပါတယ်။ ဂျန်ချန်က သူ့ကို ခွေးတစ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့သည် မဟုတ်လား။

“ဂျန်ချန်.. မင်း ပြန်ပေးဆပ် စေရမယ်ကွ ”
သူ့ အနေနဲ့ စကား စစ်ထိုးရာမှာ ဘယ်လိုမှကို ကောင်စုတ်လေးကို မယှဉ်သာတာ လက်ခံလိုက်ရပါပြီ။ ထပ်နေနေလည်း မျက်နှာပဲ ထပ်ချည်းတလဲလဲ ပျက်ရတော့မှာမို့ နောက်ပြန် လှည့်ထွက် သွားပါတော့တယ်။

၀ှစ်.. ..

ကောင်းကင်ထက်ဆီ ပျံသန်းရင်း ပျောက်ကွယ်သွားကာမှ မီးငှက် စိတ်သက်သာရာ ရသွားသလို ပင့်သက် ရှိုက်မိပါတယ်။ ဘာလို့ဆို သူက ဂျန်ချန်နဲ့ အတူ လေနဲ့တိမ် အင်အားစုရဲ့ ဌာနချုပ်ဆီ လိုက်မသွားခဲ့ပါဘူး။

ဒါကြောင့် ရှုပ်ထွေးခြင်းကိုးမျိုး ၀င်္ကပါနဲ့ အဆင့်မြင့် ရုပ်သေးတွေ အကြောင်းကို မသိသည်မို့ သူ့ ရင်ထဲ စိုးရိမ်ကြီး နေမိတာပါ။

လောကသုံးပါးသခင်  လောကသုံးပါးသခင်Where stories live. Discover now