unicode
အားကစားချိန်၌ Taehyungတစ်ယောက်ထဲ ထိုင်နေမိသည်က အတော်ကြာသည်။ basketball ကစားနေသည့် Jiminနှင့်Jungkookအား ကြည့်မိပြန်တော့ မိမိအားလက်လှမ်းပြလာသူက Jiminရယ်ပင်။..
Taehyungအတွေးတို့အားအလုပ်ပေးနေရတယ် အကြောင်းမှာ နောက်အပတ်ထဲရောက်လာမည့် Jiminမွေးနေ့မှာ ဘာလက်ဆောင်ပေးရမည်ကိုစဥ်စားမရဖြစ်နေခြင်း။..နာရီ တခြားအသုံးဆောင်ပစ္စည်းတို့ဟာလဲ အရင်နှစ်တိုင်းပေးနေကြမို့ Taehyungစဥ်းစားရခက်သည်။..
တွေးမရသည့်အဆုံး နားထင်လေးအားလက်သီးဆုပ်လေးဖြင့်ခပ်ဖွဖွလေးထုမိပြန်ပြီး Jungkookတို့ရှိရာကိုသာအကြည့်ပို့မိလိုက်သည်။.. တွေးမရတော့လဲ ဘာအရေးလဲ သူJungkook ဆီကအကြံနဲနဲလောက်တောင်းလိုက်ရင် ရလောက်မှာဘဲမလား။..
ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိပြန်တော့ မိမိထံသို့လှည့်ကြည့်လာသည့် Jungkookနှင့်အကြည့်ချင်းဆုံသည်။..ဒီနှစ်တွေအတွင်း သိသိသာသာ ထွားလာသည့်Jungkookဟာ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်လာသလို Taehyungနှင့်Jiminဟာ Jungkookနှင့်ယှဥ်လျှင်အနဲငယ် လူကောင်သေးသည်။ အနေအေးသည်ကတစ်ကြောင်း အမြဲလိုပင်တည်တင်းနေသည့်မျက်နှာထားကြောင့်သာ ကောင်မလေးအချို့မကပ်ရဲတာဖြစ်ပြီး ကျောင်း၌ နာမည်အကြီးဆုံးဟာလဲ Jungkookပင်ဖြစ်သည်။..
ထိုအချိန်၌ Jungkookပစ်သွင်းလိုက်သည့် ဘောလုံးဟာ ပိုက်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားသည့်မြင်ကွင်းကြောင့် ဘေးမှ ကောင်မလေးတစ်ချို့၏ လက်ခုပ်သံတို့ဆူညံသွား၏။..
"ဒါ ငါ့သူငယ်ချင်းကွ" ဟုတီးတိုးရေရွတ်ပြီးဂုဏ်ဆာလိုက်မိပြီး ဘက်စုံတော်သည့် Jungkookလိုသူငယ်ချင်းမျိုးနှင့် ချစ်ဖို့ကောင်းသည့်Jiminလိုသူငယ်ချင်းပိုင်ဆိုင်ထားသည်က Taehyungအဖို့ ဘယ်အရာနှင့်မျှအဖိုးမဖြတ်နိုင်။ ကျောင်းမပြောင်းလာစဥ်က အပေါင်းသင်းနှင့်ပတ်သက်၍ စိုးရိမ်စိတ်အနဲငယ်ရှိဖူးသော်လဲ အခုတော့ အဲ့စိတ်ဟာ မြူတစ်စလောက်တောင်ရှိမနေ။
social ကောင်းသည့် Jiminနှင့်ပေါင်းသင်းရလွယ်ကူခဲ့ပြီး အနေအေးသည့်Jungkookအားပေါင်းသင်းရခက်သည်ဟု လူအများပြောသည်ကိုကြားဖူးခဲ့သော်လဲ Taehyungဟာတော့ ထိုစကားအား ငြင်းပယ်မည်။ အဘယ်ကြောင့်ဆို... အများထင်သလို Jumgkook ဟာအနေအေးသော်လဲ နွေးထွေးသည့်စိတ်ကလေးရှိပြီး ကြင်နာတတ်သည်က သူအသိဆုံးပင်မို့။..